News

POST TAGGED AS

PAUL SCHOLES

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးမှာ ကျွမ်းကျင်သောဝေဖန်ရေးသမားတစ်ဦး မဟုတ်သည့်အတွက် အသင်း၏လက်ရှိအခြေအနေများကို ဝေဖန်စကားများ ပြောကြားနေမည့်အစား တိတ်တိတ်ဆိတ်ဆိတ်နေသင့်ကြောင်း သတိပေးစကားပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းဂန္ထ၀င်ကစားသမားများအနက်တွင် တစ်ဦးအပါအ၀င်ဖြစ်သည့် တိုက်စစ်တောင်ပံကစားသမား ရွိုင်ယန်ဂစ်သည် ဗီယက်နမ်လူငယ်အကယ်ဒမီတစ်ခုတွင် ဒါရိုက်တာရာထူးဖြင့် တာဝန်ထမ်းဆောင်ရန် တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါလ်စခိုးသည် မန်ယူတိုက်စစ်မှူး လုကာကု ပုံစံကောင်းများ ပျောက်ဆုံး၍ ရုန်းကန်နေရသည်မှာ ကွင်းလယ်တွင် ပေါ့ဂ်ဘာကို လက်လွှတ်ဆုံးရှုံးထားရခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ပေါ့ဂ်ဘာ ဒဏ်ရာပြဿနာများကင်းစင်၍ ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်ကစားနိုင်သည်နှင့် လုကာကုကို ယခင်အတိုင်း ပြန်လည်မြင်တွေ့ကြရလိမ့်မည်ဟု ပေါလ်စခိုးက ဆက်လက်ပြောကြားသွားခဲ့သေးကြောင်း Daily Star က ဖော်ပြထားသည်။