News

POST TAGGED AS

PSG

30-Jan-2018 tagged as Soccer Neymar PSG Ligue Cavani
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ပီအက်စ်ဂျီက ဒီဂျွန်ကို ရှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပြင်သစ်လီဂူးပွဲစဉ်တွင် ကာဗာနီကို ပင်နယ်တီပေးမကန်ခဲ့သည့်အကြောင်းရင်းကို ရှင်းပြလိုက်ပြီဖြစ်ပြီး ၎င်းကို နည်းပြက ပင်နယ်တီကန်ရန် အခွင့်အရေးပေးထားခြင်းကြောင့် ၎င်းတာဝန်ကို ၎င်းထမ်းဆောင်လိုက်ခြင်းဖြစ်သည်ဟု နေမာက အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Jan-2018 tagged as Soccer PSG Ligue Cavani
ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီသည် ပီအက်စ်ဂျီက မောင့်ပဲလီယာကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပြင်သစ်လီဂူးပွဲစဉ်တွင် အသင်းအတွက် ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းနှင့်အတူ ပီအက်စ်ဂျီအသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားအဖြစ် စံချိန်သစ်တင်ရှိသွားနိုင်ခဲ့ပြီဖြစ်ကြောင်း Sportmnail က ဖော်ပြထားသည်။
25-Jan-2018 tagged as Soccer PSG Ligue Kevin Trapp Izabel Goulart
ပီအက်စ်ဂျီဂိုးသမား ကီဗင်ထရပ်၏ချစ်သူမိန်းကလေးဖြစ်သူ Victoria’s Secret မော်ဒယ် အိုင်ဇာဘယ်လ် ဂူးလတ်သည် ထရပ်၏စွမ်းဆောင်ရည်များ ကျဆင်းနေသည်မှာ လိင်အလွန်အကျွံ ဆက်ဆံခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း The Sun က ဖော်ပြထားသည်။
24-Jan-2018 tagged as Soccer PSG Ligue Diarra
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့သည့် ကွင်းလယ်လူ ဒီယာရာကို ၁၈ လသက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် လက်မှတ်ရေးထိုး ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
23-Jan-2018 tagged as Soccer Zidane PSG Ligue
ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများသည် ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကို ခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်းနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီဖြစ်ပြီး အသင်းရှိ ကစားသမားအစုအဖွဲ့ကို ဦးဆောင်ရန်အတွက် ထိပ်တန်းအဆင့်နည်းပြတစ်ဦးကို ခေါ်ယူမှသာ အဆင်ပြေနိုင်လိမ့်မည်ဟု ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများက ယူဆနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန် မတိုင်မီတွင် အပြောင်းအရွှေ့ဆိုင်ရာ ငွေသုံးစွဲမှု စည်းမျဉ်းသစ်တစ်ရပ် ထုတ်ပြန်ပြဌာန်းရန် စီစဉ်နေပြီဖြစ်ပြီး ယင်းစည်းမျဉ်းသစ်အရ အသင်းများအနေနှင့် ရရှိသောဝင်ငွေထက် ပေါင်သန်း ၉၀ သာ ပိုမိုသုံးစွဲခွင့်ရဖွယ်ရှိနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် မန်စီးတီးနည်းပြ ဂွါဒီယိုလာကိုခေါ်ယူရန် ပစ်မှတ်ထားမှုများရှိနေပြီဖြစ်ပြီး အခွင့်အရေးရမည်ဆိုပါက လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ဂွါဒီယိုလာကို ခေါ်ယူနိုင်ရေးအတွက် ပီအက်စ်ဂျီဘက်က ကမ်းလှမ်းဆက်သွယ်ဖွယ်ရှိနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ခေါ်ယူရေးတွင် ငွေသားအပြင် စီရော်နယ်ဒိုကိုပါ အလိုက်ပေးကမ်းလှမ်းရန် အစီအစဉ်ရှိနေပြီဖြစ်ပြီး လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် နေမာအပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီနှင့် ရီးရဲလ်မက်ဒရစ်အကြားတွင် ဆွေးနွေးမှုများ ရှိလာနိုင်ကြောင်း ပီရက်ဇ်က ဖွင့်ဟအသိပေးထားပြီဖြစ်သည်ဟု The Sun က ဖော်ပြထားသည်။
13-Jan-2018 tagged as Soccer Neymar PSG Ligue Ronaldo
ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည့် ရော်နယ်ဒိုသည် ပီအက်စ်ဂျီထံသို့ နေမာ ပြောင်းရွှေ့ခဲ့ခြင်းကို ဝေဖန်စကားများ ပြောကြားလိုက်ပြီဖြစ်ပြီး ယင်းလုပ်ရပ်မှာ နေမာ၏ကစားသမားဘ၀ဖြတ်သန်းမှုကို တိုးတက်မှုထက် ဆုတ်ယုတ်မှု ပိုများသွားစေခဲ့ကြောင်း ရော်နယ်ဒိုက ထောက်ပြသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
10-Jan-2018 tagged as Soccer Manchester United PSG Ligue Lucas Moura
မန်ယူအသင်းသည် ပီအက်စ်ဂျီကွင်းလယ်လူ လူးကပ်စ်မော်ရာကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် လူးကပ်စ်မော်ရာအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ သန်းဖြင့် သဘောတူညီမှု ရလိုက်ခြင်းဖြစ်သည်ဟု The Sun က ဖော်ပြထားသည်။