News

POST TAGGED AS

PSG

08-Mar-2018 tagged as Soccer PSG Ligue Antonio Conte
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများသူများသည် လာမည့်သီတင်းပတ်အတွင်း၌ ချယ်လ်ဆီးနည်းပြကွန်တီ၏အေးဂျင့်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေပြီဖြစ်ပြီး အကယ်၍ လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ချယ်လ်ဆီးအသင်းကို ကွန်တီ ကျောခိုင်းစွန့်ခွာဖြစ်ခဲ့ပါက ၎င်းတို့ထံသို့လာရောက်၍ တာဝန်ထမ်းဆောင်ရန် ကွန်တီ၏အေးဂျင့်နှင့် ၎င်းတို့အကြား၌ အကြိုသဘောတူညီမှုတစ်ရပ်ကို ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများက ဆောင်ရွက်ထားလိုလျက်ရှိကြောင်း The Mirror က ဖော်ပြထားသည်။
27-Feb-2018 tagged as Soccer Neymar PSG Ligue
ပီအက်စ်ဂျီက မာဆေးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပြင်သစ်လီဂူးပွဲစဉ်တွင် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သော ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ကြံ့ခိုင်မှုအပြည့်ဖြင့် ဘောလုံးပြန်ကစားနိုင်ရန်အတွက် သီတင်းပတ်ခြောက်ပတ်မှ ရှစ်ပတ်အကြား အနားယူဆေးကုသခံရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီသည် ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ၎င်းတို့အနေနှင့် ဒိုင်လူကြီးဖြစ်သူ၏ဆုံးဖြတ်ချက်အမှားကြောင့် ကြီးစွာသောနစ်နာမှုဖြင့် ရင်ဆိုင်ကြုံဆုံခဲ့ရသည်ဟု ဝေဖန်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒို ပင်နယ်တီကန်သွင်း၍ ရယူသွားသော သွင်းဂိုးသည် စည်းမျဉ်းဥပဒေသတ်မှတ်ချက်နှင့်အညီ ဆုံးဖြတ်မည်ဆိုပါက ပယ်ဖျက်ရမည့် သွင်းဂိုးအမျိုးအစားဖြစ်သည်ဟု The Sun က ထောက်ပြထားကြောင်း Sportmail က ဖော်ပြထားသည်။
ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်သည် ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက ပင်နယ်တီကို ပုံစံသစ်တစ်ရပ်ဖြင့် ကန်ပြခဲ့သည်မှာ ၎င်းအတွက်မူ မထူးခြားတော့ကြောင်း ပြောကြားသွားခဲ့ပြီး စီရော်နယ်ဒိုမှာ ပင်နယ်တီကို ယင်းသို့ကန်သွင်းနိုင်စေရန် အချိန်ယူ၍ ကြိမ်ဖန်များစွာ စနစ်တကျ လေ့ကျင့်ထားခြင်းဖြစ်ကြောင်း ဖာဒီနန်က ရှင်းပြသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
08-Feb-2018 tagged as PSG Ligue Tolouse Farmers Protest
ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေးကော်မတီသည် မနက်ဖြန်(စနေနေ့)တွင် ယှဉ်ပြိုင်ကစားမည့် တူးလော့စ်နှင့် ပီအက်စ်ဂျီတို့၏ပြင်သစ်လီဂူးပွဲစဉ်ကို တူးလော့စ်အသင်းအခြေစိုက်ရာ တူးလော့စ်မြို့၌ ဒေသခံလယ်သမားများ၏ဆန္ဒပြပွဲတစ်ခု ဖြစ်ပေါ်နေသည့်အတွက် ပွဲရွှေ့ရဖွယ် အခြေအနေများ ရှိနေကြောင်း The Mirror က ဖော်ပြထားသည်။
အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းသည် ၎င်း၏အသင်းဟောင်းများဖြစ်သော ပီအက်စ်ဂျီနှင့် ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုနိုင်ရန် အဆင်မပြေမှုများရှိနေပြီး ယင်းသို့ဖြစ်ရသည်မှာ အဆိုပါပွဲစဉ် ယှဉ်ပြိုင်ကစားမည့်နေ့နှင့် ချစ်သူများနေ့(ဗယ်လင်တိုင်းဒေး)တို့ တိုက်ဆိုင်နေခြင်းကြောင့်ဖြစ်သည်ဟု Marca က ဖော်ပြထားသည်။
06-Feb-2018 tagged as Neymar PSG Ligue Mbappe Cavani
ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေးကော်မတီသည် ပြင်သစ်လီဂူး၏လုပ်ခလစာအများဆုံးရကစားသမားစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယင်းစာရင်းကို ထိပ်ဆုံးနေရာမှနေ၍ ဦးဆောင်သွားခဲ့ကြသူများမှာ ပီအက်စ်ဂျီကစားသမားများဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
01-Feb-2018 tagged as Soccer Barcelona Neymar PSG Ligue
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ၎င်း၏အသင်းဟောင်း ဘာစီလိုနာကို ၎င်းအား အပိုဆုကြေးအကျိုးခံစားခွင့်ပေးအပ်ရန် ပျက်ကွက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ အရေးယူပေးပါရန် တရားရုံးထံသို့ ဦးတိုက်လျှောက်ထား အမှုစွဲဆိုလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးအသင်းသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၏နောက်ဆုံးနေ့တွင် ပီအက်စ်ဂျီကွင်းလယ်လူ လူးကပ်စ်မော်ရာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၅ သန်း ပေးချေဝယ်ယူလိုက်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်အပြီးတွင် မော်ရာက စပါးနှင့် ငါးနှစ်ခွဲသက်တမ်း စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း The Sun က ဖော်ပြထားသည်။