News

POST TAGGED AS

PSG

12-May-2018 tagged as Soccer Brazil PSG Ligue Dani Alves
ပီအက်စ်ဂျီနောက်ခံကစားသမား အဲလ်ဗက်စ်သည် ဒဏ်ရာပြဿနာကြောင့် ရုရှားနိုင်ငံတွင် လာမည့် ဇွန်လ ၁၄ ရက်နေ့ကစ၍ ကျင်းပသွားတော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကစားပေးနိုင်တော့မည် မဟုတ်ကြောင်း Daily Mail က ဖော်ပြထားသည်။
12-May-2018 tagged as Soccer Real Madrid Neymar PSG Ligue
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ၀ယ်ယူရန် ကြိုးပမ်းရာတွင် စီရော်နယ်ဒိုကို အလိုက်အဖြစ် အသုံးချရန် ရီးရဲလ်မက်ဒရစ်က စီစဉ်လိမ့်မည်ဟူသောသတင်းများကို ငြင်းဆန်ပယ်ချလိုက်ပြီး စီရော်နယ်ဒိုနှင့် နေမာတို့မှာ တွဲဖက်ညီစွာ ကစားနိုင်မည့်သူများဟု ၎င်းအနေနှင့် အခိုင်အမာ ယုံကြည်ထားကြောင်း ဇီဒန်းက ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
10-May-2018 tagged as Soccer PSG Ligue Dani Alves
ပီအက်စ်ဂျီနောက်ခံလူ အဲလ်ဗက်စ်သည် ပီအက်စ်ဂျီက လက်စ်ဟာဘီးယားစ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပြင်သစ်ဖလားဗိုလ်လုပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည့်အတွက် ဘရာဇီးလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားပေးနိုင်ရန် မသေချာမှုများရှိလာခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
09-May-2018 tagged as Soccer La Liga Real Madrid Neymar PSG Ligue
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီထံတွင် အထိုင်မကျဖြစ်နေသော တိုက်စစ်မှူးနေမာကို ခေါ်ယူရန်အတွက် တရားဝင်ကြိုးပမ်းတော့မည်ဖြစ်ကာ နေမာကို လက်လွှတ်လိုက်ရပါက ပီအက်စ်ဂျီတိုက်စစ်တွင် အဓိကကစားသမားဟူ၍ အမ်ဘတ်ပေတစ်ဦးတည်းသာလျှင် ကျန်ရှိတော့မည့်အခြေအနေရှိကြောင်း The Mirror က ဖော်ပြထားသည်။
08-May-2018 tagged as Soccer PSG Ligue Atletico Madrid Cavani
အက်သလက်တီကိုအသင်းသည် ချယ်လ်ဆီးအသင်းခေါ်ယူလိုသည့် ပစ်မှတ်ကစားသမားစာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေသည့် ကာဗာနီကို ခေါ်ယူရန်အတွက် ပုဂ္ဂိုလ်ရေးအချက်အလက်များ သဘောတူညီမှု ရယူထားပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်နှင့် လမ်းခွဲတော့မည်ဖြစ်သော နည်းပြ အာစင်ဝင်းဂါးကို အသင်း၏အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ရန် တရားဝင်ကမ်းလှမ်းထားပြီဖြစ်ပြီး အာစင်ဝင်းဂါးကမူ ယင်းကမ်းလှမ်းမှုကို လက်ခံမည်၊ လက်မခံမည် ယတိပြတ် ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း Daily Mail က ဖော်ပြထားသည်။
18-Apr-2018 tagged as Soccer Arsenal PSG Atletico Madrid ICC Cup
အာဆင်နယ်အသင်းသည် လာမည့်ဇူလိုင်လတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ချန်ပီယံဖလားပြိုင်ပွဲကို ပါဝင်ကစားရန် သဘောတူညီလိုက်ပြီဖြစ်ပြီး အာဆင်နယ်မှာ အသင်းသုံးသင်းပတ်လည်ယှဉ်ပြိုင်ရမည့် စင်ကာပူဇုန်တွင် ကစားသွားရလိမ့်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားပြီဟု Daily Mail က ဖော်ပြထားသည်။
11-Apr-2018 tagged as Soccer PSG Ligue Dortmund Tuchel
ဒေါ့မွန်နည်းပြဟောင်း သောမတ်တူချယ်လ်သည် ပီအက်စ်ဂျီအသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီဖြစ်ပြီး ပီအက်စ်ဂျီမတိုင်မီတွင် အာဆင်နယ်က တူချယ်လ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အာဆင်နယ်၏ကမ်းလှမ်းမှုကို တူချယ်လ်က လက်မခံခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်ကိုခေါ်ယူရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်ကာ အကယ်၍ ၎င်းတို့ထံသို့ ပြောင်းရွှေ့မည်ဆိုပါက အယ်လ်ဒါဝိုင်ရဲလ်၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို ပေါင်နှစ်သိန်းဝန်းကျင်ပေးအပ်ရန် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများက စီစဉ်ထားကြောင်း Daily Star က ဖော်ပြထားသည်။
11-Mar-2018 tagged as Soccer Premier League Real Madrid Neymar PSG
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာမှာ မည်သည့်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိစေကာမူ ယင်းအသင်းနှင့်အံဝင်စွာကစားနိုင်စွမ်းရှိသော စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်ဟု ဖွင့်ဟချီးကျူးလိုက်ပြီး လက်ရှိတွင် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်၌ နေမာကိုခေါ်ယူနိုင်ရေးအတွက် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က အစီအစဉ်များရေးဆွဲနေပြီဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က အစီအစဉ်များရေးဆွဲနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။