News

14-Jul-2018

Soccer Real Madrid Neymar PSG
နေမာကို လက်မှတ်ရေးထိုးခေါ်ယူမည်မဟုတ်ကြောင်း ရီးရဲလ်မက်ဒရစ် ကြေညာချက်ထုတ်ပြန်

မက်ဒရစ်၊ ဇူလိုင် ၁၄

ရီးရဲလ်မက်ဒရစ်အသင်းသည် ၎င်းတို့အနေနှင့် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို လက်မှတ်ရေးထိုးခေါ်ယူမည် မဟုတ်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ပြီး အမ်ဘတ်ပေကို ခေါ်ယူရေးအတွက် ၎င်းတို့နှင့် ပီအက်စ်ဂျီအသင်းအကြားတွင် ဆွေးနွေးမှုများ စတင်နေပြီဟူသောသတင်းများမှာလည်း မှန်ကန်ခြင်း မရှိကြောင်း ရီးရဲလ်မက်ဒရစ်က ဆက်လက် အသိပေးထားသေးသည်ဟု The Sun က ဖော်ပြထားသည်။

နေမာသည် လက်ရှိတွင် ပီအက်စ်ဂျီထံ၌ တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၈၅၀,၀၀၀ ရရှိနေပြီး ယင်းထက်ပိုမိုသည့် လုပ်ခလစာအကျိုးခံစားခွင့်ကို ပေးချေမှသာ နေမာကို ခေါ်ယူနိုင်ဖွယ်ရှိသည့်အတွက် ရီးရဲလ်မက်ဒရစ်က လက်လျှော့လိုက်ခြင်းဖြစ်ဖွယ်ရှိသည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် စီရော်နယ်ဒိုကို ဂျူဗင်တပ်ထံသို့ရောင်းချလိုက်အပြီးတွင် ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် ထိပ်တန်းကစားသမားတစ်ဦး ပြန်လည်ခေါ်ယူမည်ဟု ထုတ်ဖော်ပြောကြားထားပြီး လက်ရှိတွင် ရီးရဲလ်မက်ဒရစ်၏ပစ်မှတ်ကစားသမားစာရင်းတွင် ထိပ်ဆုံးနေရာကပါရှိနေသူမှာ ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်နှင့် ချယ်လ်ဆီးတို့အကြားတွင် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်၌ ဟားဇတ်အပြောင်းအရွှေ့အတွက် တရားဝင်ဆွေးနွေးမှုများ စတင်ဖွယ်ရှိနေပြီး ရီးရဲလ်မက်ဒရစ်က ဟားဇတ်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၅၀ အသုံးပြုရန် ရည်ရွယ်ထားသော်လည်း ချယ်လ်ဆီးကမူ ပေါင်သန်း ၁၈၀ အထိ တောင်းဆိုဖွယ်ရှိနေသဖြင့် အပြီးသတ်သဘောတူညီမှုရနိုင်ရန် ခက်ခက်ခဲခဲ ညှိနှိုင်းရဖွယ်အခြေအနေများရှိနေသည်။

ဟားဇတ်နှင့် ကော်တွာတို့သည် အသင်းဘက်က ကမ်းလှမ်းထားသော စာချုပ်သစ်များကို လက်ခံဖွယ်မရှိတော့သည့်အတွက် ၎င်းတို့နှစ်ဦးကို ရောင်းထုတ်ရန် ချယ်လ်ဆီးဒါရိုက်တာဘုတ်အဖွဲ့က ဆုံးဖြတ်ထားပြီဖြစ်ပြီး ဟားဇတ်နှင့် ကော်တွာတို့မှာ အခွင့်ရမည်ဆိုပါက ရီးရဲလ်မက်ဒရစ်ကို ကိုယ်စားပြု၍ ကစားသမားဘ၀ဖြတ်သန်းခွင့်ရလိုကြောင်း ဖွင့်ဟပြောကြားထားကြပြီလည်းဖြစ်သည်။




FOLLOW US