News

POST TAGGED AS

PSB ACADEMY

မြန်မာကျောင်းသား လူငယ်များအတွက် ရည်ရွယ်သည့် စီးပွားရေးလုပ်ငန်းများ ဆန်းသစ်ပြောင်းလဲ တီထွင်ခြင်းဆိုင်ရာ ပညာရေးဆွေးနွေးပွဲ ကျင်းပမည်

မြန်မာကျောင်းသား လူငယ်တွေအတွက် ရည်ရွယ်ပြီး ရည်ရွယ်သည့် စီးပွားရေးလုပ်ငန်းများ ဆန်းသစ် ပြောင်းလဲတီထွင်ခြင်း (Business Innovation Talk) ဆိုတဲ့ခေါင်းစဉ်နဲ့ ပညာရေး ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့မှာ ဇန်နဝါရီလ၊ ၇ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီဆွေးနွေးပွဲကို စင်္ကာပူ PSB Academy နဲ့ Crown Education တို့ ပူးပေါင်းပြီး Novotel ဟိုတယ် ရန်ကုန်၊ Eureka Room မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ၊ ၇ ရက်နေ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီထိ ကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ Dr.Huong Ha, Ph.D (Monash University, Australia), MPP (National University of Singapore), ILA Cert (UNU/ILA), GradCert, BA, BA) ကနေပြီး မြန်မာကျောင်းသား လူငယ်တွေအတွက် စီးပွားရေးလုပ်ငန်းများ ဆန်းသစ် ပြောင်းလဲ တီထွင်ခြင်း ( Business Innovation ) အကြောင်း အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာမယ့် အနာဂတ် စီးပွားရေး အခြေအနေတွေ၊ ကဏ္ဍအသီးသီးမှာ လိုအပ်လာနိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းတွေအကြောင်းကို ဆွေးနွေး ဟောပြောပေးသွားမှာ ဖြစ်ပါတယ်။

ဒီပညာရေး ဆွေးနွေးပွဲကို မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပြီး မြန်မာနိုင်ငံမှ (၁၀) တန်းအောင်၊ iGCSE ဖြေဆိုအောင်မြင်ထားသူတွေနဲ့ နိုင်ငံတကာ ကျောင်းတွေက ကျောင်းသားကျောင်းသူတွေအတွက်လည်း စင်္ကာပူနိုင်ငံ PSB Academy နဲ့ ချိတ်ဆက်ထားတဲ့ အင်္ဂလန်နိုင်ငံ၊ သြစတြေးလျနိင်ငံတို့ရှိ တက္ကသိုလ်ကြီးတွေက ပေးအပ်မယ့် အင်ဂျင်နီယာ၊ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲကြို၊ ဘွဲ့လွန် ဒီဂရီတွေကို တက်ရောက်နိုင်တဲ့ ပညာရေး လမ်းကြောင်းတွေကိုလည်း ရှင်းလင်း ပြောကြား ပေးသွားဦးမယ်လို့ သိရပါတယ်။

စင်္ကာပူ PSB Academy ဟာဆိုရင် Coventry University (UK)၊ Edinburgh Napier University (UK)၊ University of London (UK)၊ University of Newcastle (Australia)၊ University of Wollongong (Australia)၊ La Trobe University (Australia) တို့နဲ့ ချိတ်ဆက်ထားတယ်လို့လည်း သိရပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် စိတ်ဝင်စားတယ်ဆိုရင် ရန်ကုန်မြို့က သူတွေအနေနဲ့ CROWN Education (Yangon) - အမှတ်(၂၇ဝ)၊ မြေညီထပ်၊ မြေနီကုန်း၊ ပြည်လမ်း၊ ဖုန်း -ဝ၁ - ၅၂၇-၈၃၈၊ ဝ၉ - ၉၇၇-၉၉၉-၂၀၀၊ ၀၉-၇၃၂-၇၃၂-၇၇ ကို ဆက်သွယ် စုံစမ်းနိုင်ပြီး မန္တလေးမြို့က လူတွေကတော့ CROWN Education (Mandalay) အခန်း၊ (၁၁၉) ၊ Hotel Mandalay၊ အမှတ် ၆၅၂၊ ၇၈ လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ ဖုန်း၊ ၀၉-၄၅၀-၂၀၀-၀၈၀၊ ဝ၂-၇၂၆၃၆ ၊ လိုင်းခွဲ ၁၁၉ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။



FOLLOW US