News

POST TAGGED AS

OZIL

12-Dec-2017 tagged as Soccer Premier League Arsenal Ozil
အာဆင်နယ်အသင်းသည် ကွင်းလယ်ကစားသမား အိုဇေးလ်ကို စာချုပ်သစ် လက်မှတ်ရေးထိုးရန်အတွက် လက်ရှိဒီဇင်ဘာလအတွင်း၌ နောက်ဆုံးတစ်ကြိမ် ကမ်းလှမ်းသွားဦးမည်ဖြစ်ကာ ယခုတစ်ကြိမ် ကမ်းလှမ်းမည့် စာချုပ်သစ်တွင် တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို အိုဇေးလ်တောင်းဆိုထားသည်နှင့် အနီးစပ်ဆုံး ပေးချေသွားမည်ဖြစ်ကြောင်း အာဆင်နယ်အသင်းတာဝန်ရှိသူတစ်ဦးကလည်း ဖွင့်ဟအသိပေးထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအနေနှင့် ကွင်းလယ်ကစားသမားများဖြစ်ကြသော အိုဇေးလ်နှင့် ဝီလ်ရှိုင်းယားတို့ကို စာချုပ်သစ်ချုပ်နိုင်ရန် မလွယ်ကူတော့ဟု ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရ ယင်းကစားသမားနှစ်ဦးလုံးကို လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်က လက်လွှတ်လိုက်ရရန် သေချာနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
03-Dec-2017 tagged as Soccer Premier League Mourinho Arsenal Ozil
အာဆင်နယ်ကွင်းလယ်ကစားကွက်ဖန်တီးရှင် အိုဇေးလ်သည် မန်ယူက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်ယူနည်းပြအဖွဲ့ဝင်များထံသို့ သွားရောက်၍ တရင်းတနှီး နှုတ်ဆက်ခဲ့သည့်အတွက် မန်ယူထံသို့ အိုဇေးလ်ပြောင်းရွှေ့ရောက်ရှိသွားနိုင်သည်ဟူသော သတင်းများမှာ ပိုမို လှုပ်ခတ်လာခဲ့ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
24-Nov-2017 tagged as Soccer La Liga Barcelona Messi Coutinho Ozil
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် အသင်းတာဝန်ရှိသူများကို ကွင်းလယ်ကို အားဖြည့်ရန်အတွက် အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ထက် လီဗာပူးကွင်းလယ်လူ ကော်တင်ညိုကိုသာ ခေါ်ယူစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
08-Nov-2017 tagged as Soccer Premier League Arsenal Ozil Wilshere
အာဆင်နယ်အသင်း ကွင်းလယ်ကစားကွက်ဖန်တီးရှင် အိုဇေးလ်သည် အာဆင်နယ်နှင့် စာချုပ်သစ်ချုပ်ရန် ဆွေးနွေးရာတွင် စာချုပ်သစ်၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ကျောနံပါတ် ၁၀ ကို ၎င်းအား ၀တ်ဆင်ခွင့်ပေးရန် ထည့်သွင်းတောင်းဆိုထားသည်ဟု The Sun က ဖော်ပြထားသည်။
အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်သည် နည်းပြအာစင်ဝင်းဂါးက ၎င်းကို ကစားနေကျ မဟုတ်သည့်နေရာတွင် ကစာခိုင်းထားသည့်အတွက် မပျော်မရွှင်ဖြစ်ရကြောင်း အသိပေးသွားခဲ့ပြီး ၎င်းမှာ အာဆင်နယ်ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလတစ်လျှောက် အသင်းအတွက် အရာရာကိုပေးဆပ်၍ အကောင်းဆုံးကစားပေးခဲ့သူဖြစ်သည်ဟုလည်း အိုဇေးလ်က ပြောကြားသွားခဲ့သေးကြောင်း Daily Star က ဖော်ပြထားသည်။