News

POST TAGGED AS

NEYMAR

14-May-2018 tagged as Soccer Neymar PSG Ligue
ပြင်သစ်သတင်းမီဒီယာများနှင့် ဘောလုံးပရိသတ်များသည် ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေးကော်မတီက ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို တစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးအပ်ချီးမြှင့်လိုက်ခြင်းအတွက် ဝေဖန်ပြစ်တင်မှုများရှိနေပြီဖြစ်ပြီး ယင်းဆုနှင့်လွဲချော်ခဲ့ရသော နေမာ၏ပီအက်စ်ဂျီအသင်းဖော် ကာဗာနီကလည်း ဆုရွေးချယ်ရေးကော်မတီအနေနှင့် မည်သို့သောစံနှုန်းများဖြင့် တစ်နှစ်အကောင်းဆုံးကစားသမားဆုကို ပေးအပ်ချီးမြှင့်သည်ဆိုခြင်းအား ၎င်းအနေနှင့် သိခွင့်ရလိုပါကြောင်း မေးခွန်းထုတ်မှုများရှိနေပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး နေမာကို ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၀၀၊ တစ်ပတ်လုပ်ခလစာ ပေါင်ခြောက်သိန်း သုံးစွဲရန် မန်ယူက စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
13-May-2018 tagged as Soccer Neymar PSG Ligue
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အသင်းထံသို့ ပြန်လည်လာရောက်၍ ပူးပေါင်းရန် အစီအစဉ်မရှိတော့ကြောင်း ပီအက်စ်ဂျီအသင်းဖော်များကို အသိပေးထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
12-May-2018 tagged as Soccer Real Madrid Neymar PSG Ligue
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ၀ယ်ယူရန် ကြိုးပမ်းရာတွင် စီရော်နယ်ဒိုကို အလိုက်အဖြစ် အသုံးချရန် ရီးရဲလ်မက်ဒရစ်က စီစဉ်လိမ့်မည်ဟူသောသတင်းများကို ငြင်းဆန်ပယ်ချလိုက်ပြီး စီရော်နယ်ဒိုနှင့် နေမာတို့မှာ တွဲဖက်ညီစွာ ကစားနိုင်မည့်သူများဟု ၎င်းအနေနှင့် အခိုင်အမာ ယုံကြည်ထားကြောင်း ဇီဒန်းက ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
09-May-2018 tagged as Soccer La Liga Real Madrid Neymar PSG Ligue
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီထံတွင် အထိုင်မကျဖြစ်နေသော တိုက်စစ်မှူးနေမာကို ခေါ်ယူရန်အတွက် တရားဝင်ကြိုးပမ်းတော့မည်ဖြစ်ကာ နေမာကို လက်လွှတ်လိုက်ရပါက ပီအက်စ်ဂျီတိုက်စစ်တွင် အဓိကကစားသမားဟူ၍ အမ်ဘတ်ပေတစ်ဦးတည်းသာလျှင် ကျန်ရှိတော့မည့်အခြေအနေရှိကြောင်း The Mirror က ဖော်ပြထားသည်။
11-Mar-2018 tagged as Soccer Premier League Real Madrid Neymar PSG
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာမှာ မည်သည့်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိစေကာမူ ယင်းအသင်းနှင့်အံဝင်စွာကစားနိုင်စွမ်းရှိသော စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်ဟု ဖွင့်ဟချီးကျူးလိုက်ပြီး လက်ရှိတွင် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်၌ နေမာကိုခေါ်ယူနိုင်ရေးအတွက် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က အစီအစဉ်များရေးဆွဲနေပြီဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က အစီအစဉ်များရေးဆွဲနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
27-Feb-2018 tagged as Soccer Neymar PSG Ligue
ပီအက်စ်ဂျီက မာဆေးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပြင်သစ်လီဂူးပွဲစဉ်တွင် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သော ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ကြံ့ခိုင်မှုအပြည့်ဖြင့် ဘောလုံးပြန်ကစားနိုင်ရန်အတွက် သီတင်းပတ်ခြောက်ပတ်မှ ရှစ်ပတ်အကြား အနားယူဆေးကုသခံရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏ကွင်းလယ်ကစားသမား ဒီဘရိုင်နေးမှာ စီရော်နယ်ဒို၊ မက်ဆီ၊ နေမာတို့နှင့်ယှဉ်ပြိုင်၍ ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ကို စိန်ခေါ်နိုင်စွမ်းရှိလာခဲ့ပြီဟု မှတ်ချက်ပေးပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
06-Feb-2018 tagged as Neymar PSG Ligue Mbappe Cavani
ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေးကော်မတီသည် ပြင်သစ်လီဂူး၏လုပ်ခလစာအများဆုံးရကစားသမားစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယင်းစာရင်းကို ထိပ်ဆုံးနေရာမှနေ၍ ဦးဆောင်သွားခဲ့ကြသူများမှာ ပီအက်စ်ဂျီကစားသမားများဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
01-Feb-2018 tagged as Soccer Barcelona Neymar PSG Ligue
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ၎င်း၏အသင်းဟောင်း ဘာစီလိုနာကို ၎င်းအား အပိုဆုကြေးအကျိုးခံစားခွင့်ပေးအပ်ရန် ပျက်ကွက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ အရေးယူပေးပါရန် တရားရုံးထံသို့ ဦးတိုက်လျှောက်ထား အမှုစွဲဆိုလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။