News

POST TAGGED AS

NAPOLI

12-Jun-2018 tagged as Soccer Chelsea Napoli David Luiz Sarri
ချယ်လ်ဆီးအသင်းသည် နည်းပြကွန်တီကို ရာထူးထုတ်ပယ်ရန် စီစဉ်ထားသော်လည်း နည်းပြသစ်တစ်ဦး ရှာဖွေရရှိခြင်း မရှိသေးသောကြောင့် ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် နှောင့်နှေးမှုများရှိနေပြီး လက်ရှိတွင်မူ နာပိုလီနည်းပြဟောင်း ဆာရီဘက်သို့ ချယ်လ်ဆီးက တစ်ကျော့ပြန်လည် ဦးလှည့်လိုက်ပြန်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
31-May-2018 tagged as Soccer Manchester City Serie A Napoli Jorginho
နာပိုလီကွင်းလယ်ကစားသမား ဂျော်ဂျင်ညိုသည် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးထံသို့ ပြောင်းရွှေ့ရန် ဆွေးနွေးညှိနှိုင်းနေခြင်းများနှင့်စပ်လျဉ်း၍ လာမည့်တနင်္လာနေ့တွင် ယှဉ်ပြိုင်ကစားမည့် အီတလီနှင့် နယ်သာလန်တို့၏နိုင်ငံတကာခြေစမ်းပွဲအပြီးတွင် အပြီးသတ်ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်သွားတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
24-May-2018 tagged as Soccer Serie A Napoli Carlo Ancelotti
စီးရီးအေကလပ် နာပိုလီအသင်းသည် နည်းပြ ဆာရီကို ရာထူးထုတ်ပယ်လိုက်အပြီးတွင် ဝါရင့်နည်းပြကြီး အန်စလော့တီကို အသင်းနည်းပြသစ်အဖြစ် တာဝန်ပေးအပ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် နည်းပြကွန်တီကို ရာထူးထုတ်ပယ်လိုက်ရန် ကျိန်းသေလုနီးပါးရှိသွားခဲ့ပြီဖြစ်ကာ နာပိုလီနည်းပြ ဆာရီမှာ ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာရန် လွန်စွာနီးစပ်လျက်ရှိကြောင်း The Mirror က ဖော်ပြထားသည်။
15-May-2018 tagged as Soccer Serie A Napoli Elseid Hysaj
မန်ယူနည်းပြ မော်ရင်ညိုသည် စီးရီးအေအခြေစိုက် ကစားသမားအများစုကို ခေါ်ယူ၍ အသင်းကို ပြင်ဆင်ဖွဲ့စည်းရန် စီစဉ်လျက်ရှိပြီး လက်ရှိတွင် နာပိုလီညာနောက်ခံလူ ဟိုင်းဆတ်ဂ်ျကို ခေါ်ယူရရှိနိုင်ရေးအတွက် မော်ရင်ညိုက အရှိန်မြှင့် ကြိုးပမ်းနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
14-May-2018 tagged as Soccer Serie A Napoli Carlo Ancelotti
နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်တေးစ်သည် အသင်းနည်းပြ ဆာရီကို လက်လွှတ်လိုက်ရပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်နိုင်စေရန်အတွက် ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ဝါရင့်နည်းပြကြီး အန်စလော့တီကိုခေါ်ယူရန် အစီအစဉ် ရေးဆွဲနေပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို နာပိုလီတိုက်စစ်မှူး မာတင်းစ်အား အမြန်ဆုံးခေါ်ယူနိုင်ရန်အတွက် ကစားသမားဖြစ်သူ၏စာချုပ်ဖျက်သိမ်းခတန်ကြေးကို ပေးချေလိုက်ရန် တိုက်တွန်းထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Apr-2018 tagged as Soccer Premier League Serie A Napoli Sarri
အီတလီစီးရီးအေကလပ် နာပိုလီအသင်းကို တာဝန်ယူဦးဆောင်နေသည့် နည်းပြဆာရီသည် အသင်းနှင့်စာချုပ်သစ်ဆွေးနွေးမှု အဆင်မပြေခဲ့ပါက ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိနေပြီဖြစ်ပြီး လက်ရှိတွင် ချယ်လ်ဆီးအသင်းမှာ နည်းပြကွန်တီကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက်ခေါ်ယူမည့် နည်းပြသစ်လျာထားစာရင်းတွင် ဆာရီကို ထည့်သွင်းထားကြောင်း Daily Star က ဖော်ပြထားသည်။
31-Oct-2017 tagged as Soccer Champions League Napoli
နာပိုလီအသင်းတာဝန်ရှိသူများသည် ယနေ့(ဗုဒ္ဓဟူးနေ့)တွင် နာပိုလီနှင့် မန်စီးတီးတို့ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်သို့ ပွဲတက်ရောက်ကြည့်ရှုရန် လာရောက်ကြမည့် ပရိသတ်များကို လုံခြုံရေးအခြေအနေအရ ခါးပတ်များ ၀တ်ဆင်မလာကြရန် တားမြစ်ကန့်သတ်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။