News

POST TAGGED AS

NABY KEITA

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းသည် ၎င်းတို့၏ကွင်းလယ်ကစားသမား နာဘီကီတာကို လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ လီဗာပူးထံသို့ ပြောင်းရွှေ့ခွင့်ပေးအပ်တော့မည်မဟုတ်ဘဲ အသင်းထံတွင်သာ ဆက်လက်ထိန်းသိမ်းသွားတော့မည်ဟု ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းသည် လီဗာပူးကို ၎င်းတို့၏ကွင်းလယ်ကစားသမား နာဘီကီတာအား လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ခေါ်ယူလိုပါက နှစ်ဦးနှစ်ဖက် သဘောတူညီထားသည့် ပြောင်းရွှေ့ကြေးပမာဏထက် ပေါင် ၁၃ သန်း ပိုပေးရမည်ဟု တောင်းဆိုလိုက်ပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။
08-Jan-2018 tagged as Liverpool Soccer Premier League Naby Keita
လီဗာပူးအသင်းသည် ၎င်းတို့၏ကွင်းလယ်ကစားသမား ကော်တင်ညိုကို ဘာစီလိုနာထံသို့ ရောင်းထုတ်လိုက်အပြီးတွင် ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် လိုက်ပ်ဇစ်ဂ်ျကွင်းလယ်လူ နာဘီကီတာကို လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းထံသို့ ချက်ချင်းခေါ်ယူနိုင်ရန် စီစဉ်နေပြီဖြစ်ပြီး လိုက်ပ်ဇစ်ဂ်ျအသင်းတာဝန်ရှိသူများကမူ ၎င်းတို့အနေနှင့် နှစ်ဦးနှစ်ဖက်အကြား မူလသဘောတူညီထားသည့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်သို့ရောက်မှသာ နာဘီကီတာကို လီဗာပူးထံသို့ လက်လွှတ်ပေးနိုင်လိမ့်မည်ဟု အကြောင်းပြန်ထားကြောင်း Daily Mail က ဖော်ပြထားသည်။