News

ကွန်ပျူတာတက္ကသိုလ်တွင် မေးခွန်းဟောင်းနှင့် အဖြေလွှာဟောင်းများ မီးရှို့ဖျက်ဆီးခံရ
ရန်ကုန်၊ ဧပြီ ၅ 

ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၅) ရပ်ကွက်၊ သာဓုကန်ကျေးရွာရှိ ကွန်ပျူ တာတက္ကသိုလ်တွင် ဧပြီလ ၄ ရက် နံနက် ၆ နာရီခွဲခန့်က အဆောင်(စီ)အောက်ထပ်ရှိ မော်ကွန်းထိန်းအခန်းတွင် ထိန်းသိမ်း ထားသော ၂၀၁၇ ခုနှစ်၊ မေးခွန်းဟောင်း များနှင့်အဖြေလွှာဟောင်းများ မီးရှို့ဖျက် ဆီးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ ထံမှ သိရသည်။

မီးလောင်မှုဖြစ်ခဲ့ကြောင်း သတင်း အရ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်စစ် ဆေးရာ မီးလောင်မှုဖြစ်သည့် အခန်းကို ရှင်းလင်းထားပြီး ယင်းအခန်းအပြင်ဘက် မြေပြင်တွင် မီးလောင်ခံရသည့် ၂၀၁၇ ခုနှစ်၊ မေးခွန်းဟောင်းများနှင့် အဖြေလွှာဟောင်းများ၊ သစ်သားစားပွဲတစ်လုံး၊ Cannon 3050 ပရင်တာတစ်လုံးနှင့် နေ့စဉ် ဝင်စာ ထွက်စာများကို စစ်ဆေးတွေ့ ရှိခဲ့ရကြောင်း ယင်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“မီးလောင်မှုဖြစ်တာက နံနက် ၆ နာရီ ၃၅ မိနစ်မှာဖြစ်တာ။ ကျောင်းလုံခြုံရေးအဖွဲ့တွေကနေ မီးသတ်ဆေးဘူးတွေနဲ့ ဝိုင်းငြှိမ်းသတ်လိုက်တာ ၁၅ မိနစ်လောက်အကြာမှ မီးငြိမ်းသွားတယ်။ မီးလောင်အားကလည်း သိပ်မများလိုက်ဘူး၊ ရဲစခန်းမှာတော့ အမှုဖွင့်ထားတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းအခန်းတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသူအား ဥပဒေအရ အရေးယူပေးရန် ကွန်ပျူတာတက္ကသိုလ်မှ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်သန်းက အမှုဖွင့်တိုင်ကြားခဲ့ရာ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းက (ပ)၂၁၆/ ၁၈၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်မှုဥပဒေ ပုဒ်မ ၆ (၁)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး မီးရှို့ဖျက်ဆီးသူကို ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းရှာဖွေနေကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လှော်ကား နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက “အဲဒီတက္ကသိုလ်မှာက လုံခြုံရေး အားနည်းတယ်။ လုံခြံရေး အားနည်းလို့လည်း မော်ကွန်းရုံးခန်းထဲရောက်တဲ့အထိ အခန်းသော့တွေကို အဆင့်ဆင့် ဖျက်ဆီးပြီး ဝင်သွားတာ။ မီးရှို့ခံရတဲ့ မေးခွန်းဟောင်းတွေက အောင်စာရင်း ထုတ်ပြန်ထားပြီးသားတွေပါ။ ဘယ်သူလုပ်တာလဲ ဆိုတာတော့ သိရအောင် လိုက်လံစုံစမ်းနေတယ်”ဟု ရှင်းပြသည်။ 

J-16



FOLLOW US