News

POST TAGGED AS

NVC

ရခိုင်ပြည်နယ်တွင် NVC (National Verification Card- နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား) ကိုင်ဆောင်သူ ဦးရေ ၁၅,၇၁၀ သာရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေက ပြောသည်။
ရခိုင်ပြည်နယ်တွင် NVC (National Verification Card- နိုင်ငံသားစိစစ်ခံ ရမည့်သူ၏ သက်သေခံကတ်ပြား) ကိုင်ဆောင်သူ ဦးရေ ၁၅,၇၁၀ သာရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေက ပြောသည်။
NVC ကတ်ဖြင့် ဘင်္ဂါလီများကို တစ်နိုင်ငံလုံးလွတ်လပ်စွာ သွားလာခွင့်ပေးမည် ဆိုသည့်အပေါ် ကန့်ကွက်ကြောင်း ဒေသခံ ၃၀၀ ခန့်က ဧပြီလ ၂၉ ရက်တွင် ရွှေပြည်သာမြို့နယ်၌ ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။
တစ်ဖက်ကကြည့်ရင်လည်း အစိုးရအနေနဲ့ အခုလို စိစစ်ပြီးလက်ခံတာ၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ မျက်စိစုံမှိတ်ပြီး ငြင်းဆန်နေတာ၊ ကိုယ့်ခြံစည်းရိုးကိုပဲ ကိုယ်လုံအောင်ကာပြီး တစ်ဖက်နိုင်ငံထဲမှာ ယခုရှိတဲ့သူ တစ်သန်းခန့်ထဲက အမှန်တကယ် နိုင်ငံသား ဖြစ်သင့်တဲ့သူတွေကို စနစ်တကျ ပြန်လည် ရွေးထုတ် စိစစ်လက်ခံတာတွေ မလုပ်ဘူးဆိုရင် နိုင်ငံတကာရဲ့ ဖိအားဟာ ပိုမိုပြင်းထန်လာနိုင်ပြီး ရခိုင်ဒေသဟာ မငြိမ်းချမ်းခြင်း သံသရာအကြားမှာ လူ့အသက် ၃-၄ ဆက်ခန့်ရှိတဲ့အချိန်အထိ ဒီအတိုင်း ဆက်သွားကြပါလိမ့်မယ်။
နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးကာ လွတ်လပ်စွာ သွားလာခွင့်ပြုမည့် အစိုးရ၏အစီအစဉ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး လွှတ်တော်တွင် အဆိုတင်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။