News

POST TAGGED AS

NLD

22-May-2017 tagged as NLD
“တိုင်းဒေသကြီး အခွန်ရဖို့ ဆိုတာလောက်နဲ့ ပြည်ထောင်စုဝန်ကြီး ဖြေထားတဲ့အဖြေကို ပြောင်းပြန်လုပ်တာတော့ သိပ်ပြီးအကျိုးအကြောင်း မဆီလျော်ဘူးလို့ ထင်ပါတယ်”
၂၀၁၁ ခုနှစ်က ဒုတိယသမ္မတလောင်းအဖြစ် စာရင်းပေါက်ခဲ့ဖူးသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ရခိုင်ပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးခံခဲ့ရသည့် ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အနေနှင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရာ နိုင်ငံတော်၏ ဥပဒေပြုရေးကဏ္ဍအပြင် အစိုးရကို ထိန်းကျောင်းနိုင်သည့် လွှတ်တော်နိုင်ငံရေးနှင့် ကင်းကွာခဲ့ရသည်။
19-May-2017 tagged as ဦးတင်ဦး NLD
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ နာယက သူရဦးတင်ဦးသည် နေအိမ်တွင် ချော်လဲပြီး သတိလစ် မေ့မြောနေရာမှ သတိပြန်လည်လာပြီ ဖြစ်သော်လည်း စိုးရိမ်ရသည့် အနေအထားတွင် ရှိနေဆဲဟု ရန်ကုန်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက မေလ ၁၈ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။
18-May-2017 tagged as ဦးတင်ဦး NLD
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးသည် မေလ ၁၇ ရက်နေ့ ညပိုင်းက နေအိမ်ရေချိုးခန်းတွင် ချော်လဲပြီး သတိလစ်သွားရာမှ လက်ရှိအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရပြီး သတိပြန်လည်ရရှိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း NLD ပါတီ ဥက္ကဋ္ဌထံမှ သိရသည်။
14-May-2017 tagged as NLD ဦးဝင်းထိန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် NLD ပါတီဝင်အချို့ အားမလိုအားမရ ဖြစ်နေပါက သည်းခံပေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်က ပြောကြားသည်။
08-May-2017 tagged as NLD
ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် (ကျိုင်းတုံ) မဲဆန္ဒနယ် အမှတ် (၂) မှ အနိုင်ရရှိခဲ့သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရှာမွေလရှဲန်ကို ကန့်ကွက်လွှာတင်မည်ဖြစ်ကြောင်း NLD ပါတီ အတွင်းရေမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
05-May-2017 tagged as NLD တပ်မတော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်၏ မီဒီယာများအပေါ် ပြောကြားချက်ကို တပ်မတော်က ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ရှေ့လျှောက် NLD ဟာ ပိုမိုကြမ်းတမ်းတဲ့ နိုင်ငံရေးခရီးလမ်းကို လျှောက်လှမ်းရမှာ မလွဲပါဘူး။ NLD အနေနဲ့ ဘယ်လိုမျိုးသော ပြုပြင် ပြောင်းလဲမှုတွေ လုပ်မလဲဆိုတာ အများက စိတ်ဝင်တစား လေ့လာစောင့် ကြည့်နေကြမှာ ဖြစ်ပါတယ်။ အခုဆို ၈၈ အုပ်စုတွေက ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းဖို့ စီမံဆောင်ရွက်လာနေကြပါပြီ။
ဝန်ကြီးချုပ်၏ စေတနာဖြင့် ရန်ကုန်လူထုစိတ်ကို ထပ်မံကိုင်လှုပ်ခဲ့သည့် YBS မှာ ခြောက်အိပ်မက်လို ယနေ့တိုင် ဒုက္ခရောက်နေဆဲဖြစ်သည်။ သုံးလကျော်ကြာသည်အထိ ယာဉ်အရေအတွက် မလုံလောက်သည့် ပြသနာကြောင့် နေပူပူတွင် ချွေးရွှဲလူပိသည့်ဒဏ်ကို ရန်ကုန်ပြည်သူတို့ ခံစားနေရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့နှင့် ပတ်သက်၍ လွန်လိုင်းလူမှုရေးကွန်ရက်နှင့် ပုဂ္ဂလိက သတင်းမီဒီယာများမှ တစ်ဆင့် ယခုနောက်ပိုင်း ဝေဖန်မှုများ အထူးမြင့်တက်လာခြင်းမှာ အရပ်သားစစ်စစ် အများဆုံး ပါဝင်သော အစိုးရတစ်ရပ်အတွက် ယူတတ်ပါက သင်ခန်းစာများ ရရှိနိုင်ပေသည်။