News

POST TAGGED AS

NLD

04-Jul-2017 tagged as NLD ဦးဝင်းထိန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်လိုက်၍ ရာထူးနေရာ ရရှိသွားသူများ အနေနှင့် ပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို လျစ်လျူရှုမှုများ တွေ့နေရကြောင်း အဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
03-Jul-2017 tagged as NLD ဦးဝင်းထိန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ တိုင်းအဆင့်ဝန်ကြီးများနှင့် ရေးရာကော်မတီ၊ ကော်မရှင်အဖွဲ့ဝင်များကို ရွေးချယ်တာဝန်ပေးအပ်ရာ၌ ၉၉ ရာခိုင်နှုန်း မှန်ကန်ကြောင်း ယင်းအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
01-Jul-2017 tagged as NLD
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ စီးပွားရေး မူဝါဒများကို ဝေဖန်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို NLD ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့က ဇူလိုင်လ ၃ ရက်နေ့၌ ထုချေလွှာတင်ရန် ညွှန်ကြားထားကြောင်း NLD ပါတီထံမှ သိရသည်။
25-Jun-2017 tagged as NLD
ပြည်ထောင်စုအဆင့် အစိုးရတာဝန်ရှိသူများ၏ လုပ်ဆောင်ချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကဲဖြတ်သုံးသပ်မှုများ ပြုလုပ်နေကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် NLD ပါတီသို့ ကူးပြောင်းလာရန် တင်ပြထားခြင်း မရှိကြောင်း NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များက အတည်ပြု ပြောဆိုသည်။
24-Jun-2017 tagged as NLD
ပြည်သူများကို မောက်မာစွာ ဆက်ဆံခြင်းမပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်သည့် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လိုလားသော လူထုခေါင်းဆောင် အာဏာရရှိလာပြီး တစ်နှစ်ကျော်လာသော အချိန်အထိ ထိပ်တန်း စစ်ဘက်အာဏာပိုင်များက နိုင်ငံရေးတိုက်ကွက်များ ဖော်နေဆဲပင် ဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း နေထိုင်လျက်ရှိသည့် ကျူးကျော်နေထိုင်သူစာရင်း ကောက်ယူရာတွင် မှန်းထားသည့် အရေအတွက်ထက် ကောက်ယူထားပြီး ဖြစ်သည့် စာရင်းမှာ ပိုမိုများပြားနေသဖြင့် အားလုံးကို ပြန်လည်စိစစ်မည် ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
10-Jun-2017 tagged as စီးပွားရေး NLD
ဖက်ဒရယ်စနစ်သည် နာမည်ကြားရန်ပင် ခဲယဉ်းခဲ့သည့်အခြေမှ ယနေ့အခါတွင် ဒီမိုကရေစီဟူသော စကားလုံးလောက်နီးနီးပင် ခေတ်စားလာသည်။ အနာဂတ် မြန်မာနိုင်ငံတော်ကိုလည်း ဖက်ဒရယ်စနစ်အတိုင်း သွားမည်ဟု အရေးကြီး သက်ဆိုင်သူ အားလုံးလိုလိုက သဘောတူထားကြသည်။ သို့သော် ဖက်ဒရယ်စနစ်တွင် နိုင်ငံရေးကိုသာ အပြောများကြပြီး စီးပွားရေးကို မပြောကြသလောက် ဖြစ်သည်။