News

POST TAGGED AS

NLD

31-Dec-2017 tagged as ရန်ကုန် NLD ပါတီ
ဗဟန်းမြို့နယ် ပါတီဌာနချုပ်တွင် နှစ်ရက်ကြာကျင်းပမည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ တင်ပြချက်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ပါတီထိပ်တန်းခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
30-Dec-2017 tagged as ပုသိမ် NLD
ပါတီမှ ထုတ်ပယ်ခံရသော ပုသိမ်မြို့နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဆန်းရွှေအား ဂုဏ်ပြုပွဲကို ငွေဆောင်ကမ်းခြေဒေသ ဆင်မကျေးရွာရှိ ဒေသခံ ၁၀ဝ ခန့်က ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းက ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့သည်။
ထိုရခိုင်မြောက်ပိုင်းအရေးမှာ သူ၏သက်တမ်း ၂ နှစ်တာနီးနီးကာလအတွင်း အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံခဲ့ရပြီး နိုင်ငံတကာ ဖိအားကိုပင် သမိုင်းတစ်လျှောက်မကြုံဖူးသည်အထိခံခဲ့ရသည်။ ထိုအရေးမှာ ယခုလာမည့် ၂၀၁၈ ခုနှစ်အတွက်လည်း ၎င်းတို့ ဆက်လက် လျှောက်လှမ်းရမည့် ခရီးလမ်းများတွင် ခရီးကြမ်းကြီးတစ်ခု ဖြစ်နေသေးသည်။
10-Dec-2017 tagged as NLD
ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်နယ် လူငယ် ညီလာခံကျင်းပရေး ကော်မရှင်နှင့် ပါတီဝင် လူငယ်များ ပထမဆုံးအကြိမ်အဖြစ် သံတွဲမြို့နယ်၊ ဒွါရာဝတီခန်းမတွင် ဒီဇင်ဘာ ၁၀ ရက်က တွေ့ဆုံခဲ့သည်။
08-Dec-2017 tagged as NLD
ပြီးခဲ့သည် လအနည်းငယ်အတွင်း၌ ဘဏ်ဝန်ထမ်းတစ်ဦးနှင့် လူမှုရေးပြသနာများ ပေါ်ပေါက်ခဲ့သော မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်ကို ပါတီတာဝန်များ ရပ်နားလိုက်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက The Voice သတင်းစာသို့ ပြောသည်။
NLD လွှတ်တော်ကိုယ်စားလှယ်အချို့ကို ဝန်ကြီး၊ ဒုတိယဝန်ကြီး တာဝန်ပေး၍ အုပ်ချုပ်ရေးတာဝန် ယူခိုင်းပါက ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရှိလျှင် NLD အစိုးရအတွက် အဆင်သင့်ဖြစ်မည်ဟု သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်း (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်) က အကြံပြု ပြောကြားလိုက်သည်။
ရန်ကုန် တိုင်းဒေသကြီးအတွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများ အချိန်မီ ကျင်းပပြီးစီးရေးအတွက် တိုင်းဒေသကြီး အစိုးရ၊ NLD ပါတီခေါင်းဆောင်များနှင့် ရန်ကုန်တိုင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲထံမှ သိရသည်။
04-Nov-2017 tagged as NLD
ဒေါ်စုမရှိတော့လျှင် NLD သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၂၀၁၅ နှင့် အလားတူ အကြီးအကျယ် လူထုထောက်ခံမှုမျိုး ရနိုင်ခြေ နည်းပါးသည်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမှ အနားယူလျှင် လက်လွှဲယူမည့် မျိုးဆက်သစ် NLD များကို ဒေါ်စုကရော သူ့ပါတီ၏ လူကြီးပိုင်းခေါင်းဆောင်များကပါ ကောင်းစွာ ပျိုးထောင်ထားနိုင် ခြင်းမရှိပေ။ သို့ဖြစ်ရာ ဒေါ်စုသည် သူ့ပါတီအတွင်း အာဏာ လေဟာနယ်တစ်ခု ချန်ထားရဖွယ်ရှိပြီး ယင်းကို စစ်ဘက်နှင့် ၎င်း၏ နိုင်ငံရေးကျောထောက်နောက်ခံ အင်အားစုများက အလွယ်တကူ အမြတ်ထုတ်သွားနိုင်သည်။
29-Oct-2017 tagged as NLD ဦးဝင်းထိန်
တိုင်းနှင့်ပြည်နယ် ဒေသအချို့တွင် ပြုလုပ်နေသော ဘာသာပေါင်းစုံ ဆုတောင်းပွဲများကို ပြုလုပ်ပြီးသည့် အချိန်ကာလရောက်မှ သိရှိရသည့် အကြောင်းအရာများရှိပြီး ပွဲလုပ်ရန် တောင်းဆိုသူများကိုလည်း ဗဟိုအနေနှင့် မလုပ်ပါနှင့်ဟုပြောရန် မကောင်းကြောင်း ဦးဝင်းထိန်က ပြောကြားသည်။
13-Oct-2017 tagged as ရန်ကုန် NLD
သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားတွင် ငုံးဥပြုတ်လာရောင်းစဉ် တားမြစ်ခံရသည့် မွတ်ဆလင်တစ်ဦးဖြစ်သူ ဦးအောင်သန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင်များနှင့် အမျိုးသမီး ကော်မတီ တာဝန်ရှိသူများက တွေ့ဆုံခဲ့ကာ အလှူငွေ ကျပ် ၇သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။