News

POST TAGGED AS

NLD

ပါတီပုံရိပ်အား ထိခိုက်စွာပြောဆိုခဲ့သည့် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အား ပါတီတာဝန်မှ ယာယီရပ်ဆိုင်းခဲ့ကြောင်း ယင်းမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးငြိမ်းချမ်းဦးက ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ အစိုးရနှင့်တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)ကို ဖေဖော်ဝါရီလ ၁၃ ရက် က လက်မှတ်ရေးထိုးခဲ့သည်။
အထူးသဖြင့် NLD အစိုးရတက်လာချိန်မှစတင်ကာ (၆၆-ဃ) ကဲ့သို့ ပုဒ်မမျိုးသည် အလုပ်အဖြစ်ဆုံးသော ပုဒ်မတစ်ခုဖြစ်လာခဲ့သည်။ (၆၆-ဃ) ဖြင့် တရားစွဲဆိုမှုများ၊ ဆန္ဒပြရင်း၊ ဟောပြောရင်း တရားစွဲဆိုခံရမှုများနှင့် ဖမ်းဆီးထောင်ချခံရမှုများက အရပ်သား ဒီမိုကရေစီ အစိုးရလက်ထက်တွင် အရေအတွက် များပြားလွန်းလာခဲ့သည်။
27-Jan-2018 tagged as အစိုးရ NLD
ဒီမိုကရေစီစနစ်မှာ ဥပဒေတွေဟာ အဓိကမဏ္ဍိုင်ကျောရိုးဖြစ်သလို အစိုးရဌာနတွေက ဆောင်ရွက်ရတဲ့ ကိစ္စတိုင်း ကိစ္စတိုင်းဟာ ဥပဒေဘောင်အတွင်းကသာ ဆောင်ရွက်ကြရလေ့ ရှိကြလို့သာ ဖြစ်တဲ့အပြင် ဥပဒေတွေကောင်းရင် ကောင်းသလောက် စည်းနှောင်အားကောင်းပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ တိုးတက်လေ့ ရှိတတ်ပါတယ်။ မျှတရင် မျှတသလောက် တိုင်းရင်းသားတွေ အကုန်လိုက်နာပြီး ငြိမ်းချမ်းနေလေ့ရှိပါတယ်။
ပြည်ပရောက်နိုင်ငံရေးသမားများ လွယ်ကူစွာ နေရပ်ပြန်နိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ဇန်နဝါရီလ ၁၇ ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
17-Jan-2018 tagged as NLD ပါတီ
NLD ပါတီမှ တာဝန်ရပ်ဆိုင်းခြင်းခံရသူအချို့ ဦးဆောင်ကာ ပါတီတည်ထောင်ခြင်းနှင့် နိုင်ငံရေးအင်အားစု စုစည်းကာ တပ်ပေါင်းစုဖွဲ့စည်းရန် လုပ်ဆောင်နေကြောင်း ဧရာဝတီတိုင်းနိုင်ငံရေး အသိုင်းအဝိုင်းထံမှ သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အထောက်အကူဖြစ်စေရန် အမျိုးသမီးကော်မတီအဖွဲ့များ စတင်ဖွဲ့စည်းနေပြီဟု အဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီအဖွဲ့ထံမှ သိရသည်။
08-Jan-2018 tagged as ဝန်ကြီး NLD
တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ဝန်ကြီးအချို့ အပြောင်းအလဲ ပြုလုပ်ရန် သတင်းများ ထွက်ပေါ်နေမှုအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အပြောင်းအလဲလုပ်မည်ဆိုသည်မှာ မှန်ကြောင်း The Voice သတင်းစာသို့ အတည်ပြုပြောကြားသည်။
03-Jan-2018 tagged as အစိုးရ NLD
ထို့အပြင် ပြန်လည် လက်ခံကြရမည့် လူစာရင်းဦးရေမှာလည်း အမျိုးမျိုး ကွဲပြားပြီး တစ်နေ့တခြား တိုးပွားလာလျက်ရှိရာ ထိုအရေးမှာ နှစ်ကာလ ကြာရှည်ပြီး အစိုးရသက်တမ်း ကုန်သည့်တိုင် ပြီးဆုံးသွားမည့်ကိစ္စ ဖြစ်လာမည် မဟုတ်ဟုလည်း သုံးသပ်ရသည်။
အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုးနိုင်ဖြစ်နေသည်ဆိုသော ဝေဖန်ချက်များသည် မဟုတ်မှန်ဘဲ ငြိမ်းချမ်းရေးရှေ့ဆက်သွားနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ပြောကြားလိုက်သည်။