News

POST TAGGED AS

NLD

17-Dec-2016 tagged as NLD လွှတ်တော်
NLD အစိုးရလက်ထက် တာဝန်ယူခဲ့သော၂၀၁၆-၂၀၁၇ နှစ်၏ ပထမခြောက်လပတ်တွင် ရငွေမျှော်မှန်းချက်သည် ယခင်အစိုးရ တာဝန်ယူခဲ့သော (၂၀၁၄ - ၂၀၁၅ နှင့်၂၀၁၅-၂၀၁၆) နှစ်များထက် ရငွေ အနည်းဆုံး ဖြစ်ပေါ်နေကြောင်း ပြည်သူ့ငွေစာရင်းကော်မတီက ဒီဇင်ဘာ ၁၃ ရက်တွင် တင်ပြလိုက်ခြင်းအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီဇင်ဘာ ၁၆ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းခဲ့သည်။
15-Dec-2016 tagged as NLD မန္တလေး
ရွေးကောက်ပွဲ ပြီးစီးခဲ့သည်မှာ တစ်နှစ်ကျော်ကြာ ရှိခဲ့ပြီး အစိုးရ သက်တမ်းမှာလည်း ရှစ်လကျော်ခဲ့ပြီ ဖြစ်ကာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း အခက်အခဲများ ရှိနေသေးသည့်အတွက် အစိုးရ ဝန်ထမ်းများနှင့် ပါတီဝင်များ ကိုယ်တိုင် ပြောင်းလဲရန်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို စစ်ဆေးနိုင်ရန် NLD ပါတီက ယနေ့ (နိုဝင်ဘာ ၂၈ ရက်) တွင် ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း ဦးဆောင်သည့် အဖွဲ့ဝင်သုံးဦး ပါသော လေ့လာသုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း NLD ပါတီထံမှ သိရသည်။
NLD အစိုးရသည် တပ်မတော်၏ ထိုးစစ်ဆင်မှုများကို တားဆီးကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိန်းချုပ်နိုင်လိမ့်မည် ဟူသော လိုင်ဇာမှ ကချင်စစ်သားများနှင့် အရပ်သားများ၏ မျှော်လင့်ချက်မှာ တပ်မတော်၏ စစ်ရှိန်မြှင့်မှုကြောင့် မှေးမှိန်သွားပြီ ဖြစ်သည်။ “ငြိမ်းချမ်းရေးက အလှမ်းဝေးနေတုန်းပါပဲ။ အခြေခံဥပဒေအရ အရာရာကို တပ်မတော်က ချုပ်ကိုင်ထားတဲ့အတွက် NLD အစိုးရက ဘာမှမလုပ်နိုင်ပါဘူး” ဟု လိုင်ဇာအနီး လ၀ါယန် ရှေ့တန်းစခန်းမှ တပ်မှူး ဒုဗိုလ်မှူးကြီး ဇော်ဖန်က ပြောကြားသည်။
27-Nov-2016 tagged as NLD
ရွှေပြည်သာမြို့နယ်၊ (၈) ရပ်ကွက်ရှိ မိုတယ်တစ်ခုတွင် အချင်းများရာမှ အမှုဖွင့် တိုင်ကြားခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းကို ဥပဒေ အကြံပြုချက် ရရှိခဲ့ပါက တရားစွဲဆိုမည် ဖြစ်ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ၀င်းမြင့်က ပြောကြားသည်။
ပြည်တွင်းစစ် အပါအဝင် နိုင်ငံရေး၊ စီးပွားရေး ခြစားခဲ့မှုများကြောင့် တစ်စစီ ဖွာဆန်ကြဲနေသော တိုင်းပြည်ကို အုပ်ချုပ်ရခြင်းထက် ဒီမိုကရေစီ သူရဲကောင်း ဖြစ်ရခြင်းက ပိုမိုလွယ်ကူပါလိမ့်မည်
ရေဘေးအလှူပစ္စည်းများနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်ဟုဆိုသော ပြည်မြို့နယ် NLD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံအား ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုကို နိုဝင်ဘာ၂၁ ရက်က တရားရုံး၌ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး တရားစွဲခံထားရသူကို တရားရုံးက အာမခံပေးခဲ့ကြောင်း
NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာ တစ်နှစ်ပြည့်သွားခဲ့ပါပြီ။ စာဖတ်သူ မျှော်လင့်ထားသလို အစိုးရသစ်က စွမ်းဆောင်ပေးနိုင်ပါရဲ့လား။ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကော ထင်ထားသလောက် ဝင်လာပါရဲ့လား။ နှစ်ပတ်လည်နေ့မှာ အစိုးရအပေါ် ဒီလိုမေးခွန်းထုတ် ပြန်လည်သုံးသပ်ကြတာဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်း တစ်ခုပဲ မဟုတ်ပါလား။
03-Nov-2016 tagged as NLD
တပ်မတော်အပေါ် ဂုဏ်သိက္ခာ ထိခိုက်စေမည့်စာများ လူမှုကွန်ရက်ပေါ် ဖော်ပြခဲ့သည်ဟုဆိုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွန်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးမျိုးရန်နောင်သိမ်းကို ယနေ့ (နိုဝင်ဘာ ၃ ရက်) မွန်းလွဲပိုင်းက လှိုင်မြို့မ ရဲစခန်းမှ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
05-Oct-2016 tagged as NLD
သိမ်းဆည်းခံ လယ်ယာမြေများ ဖြေရှင်းရေးနှင့် ပတ်သက်သော အဆိုနှင့် မေးခွန်းများ အပါအဝင် အစိုးရ အကျပ် ရိုက်စေမည့် မေးခွန်းနှင့် အဆိုများ မေးမြန်းခြင်း မပြုလုပ်ရန် NLD ပါတီအမတ်များကို ပါတီ ခေါင်းဆောင်များက မှာကြားထားကြောင်း NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောကြားသည်။