News

POST TAGGED AS

NLD

NLD အစိုးရသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသရှိ ဘင်္ဂါလီ (မူရင်းအခေါ် ရိုဟင်ဂျာ) လူမျိုးများ အကြမ်းဖက် တိုက်ခိုက်ခံနေရမှုတွင် အပြောတခြား၊ အလုပ်တခြား ဖြစ်နေသည် ဟူသော အချက်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်မိသည်ဟု ထုတ်ဖော်ပြောဆိုထားသည်မှာ အားလုံးအသိပင် ဖြစ်လေသည်။ သို့သော်လည်း ယခင်အစိုးရ အဆက်ဆက်၏ ကြောက်ခမန်းလိလိ ဖြစ်သော အမွေဆိုးကြီးနှင့် လှုပ်မရနိုင်အောင် ဖြစ်နေသည့် နိုင်ငံရေး ကန့်သတ်ချက်များကို NLD အစိုးရ ရင်ဆိုင်ကြုံတွေ့နေရသည်ကို သိထားကြပေသည်။
NLD ပါတီ အနေနှင့် စွမ်းရည်မြင့်မားလှသည့် ဗျူရိုကရေစီယန္တရားနှင့် လည်ပတ်နိုင်သော အစိုးရကောင်း တစ်ရပ်ကို မရရှိနိုင်ခဲ့ပေ။ စစ်ဘက်ဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များအကြား ပုဂ္ဂိုလ်ရေး ရင်းနှီးကျွမ်းဝင်မှု အတိုင်းအတာဖြင့် ကြီးကြီးမားမား အလုပ်ဖြစ်ခဲ့သည့် ပုံစံရှိသော အစိုးရတစ်ရပ်ကိုသာ ရရှိခဲ့သည်။ နှိုင်းရသဘောအရ စွမ်းဆောင်ရည် နိမ့်ကျသည့် အစိုးရတစ်ရပ်ဟု ဆို၍ရပါသည်။
19-Mar-2017 tagged as နိုင်ငံရေး NLD usdp
ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံပြုခြင်းသည် ပြည်သူကို ကျောခိုင်းခြင်းဟု သာမန်ပြည်သူတို့က ခပ်ကြမ်းကြမ်း မြင်တတ်ကြရာ ယင်းကပင် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို အတိုက်အခံလုပ်ရန် ခက်ခဲသည့် အနေအထား ဖြစ်နေခြင်း ဖြစ်သည်။
NLD ပါတီအနေနှင့် ရာသက်ပန် အာဏာယူသွားမည် မဟုတ်ဘဲ ဒီမိုကရေစီ နှင့် နိုင်ငံသားအခွင့်အရေး အမြစ်တွယ် လာချိန်တွင် ပြည်သူ့အကျိုးပြုနိုင်မည့် ပုဂ္ဂိုလ်များထံ လွှဲပြောင်းပေးသွားမည်
27-Feb-2017 tagged as NLD သူရဲကောင်း
ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံခဲ့ရသော တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် သေနတ်သမား ကြည်လင်းကို ဟန့်တားခဲ့သော အငှားယာဉ်မောင်း ကိုနေဝင်းတို့ကို သူရဲကောင်းများအဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပြောကြားခဲ့သည်။
01-Feb-2017 tagged as NLD
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်သိက္ခာကို ထိပါးသော စာသားများ ရေးသားဖော်ပြသည် ဆိုကာ တရားရင်ဆိုင်နေရသော ကိုမျိုးရန်နောင်သိမ်းကို ကမာရွတ်မြို့နယ် တရားရုံးက ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင် အမိန့်ချမှတ်လိုက်သည်။
30-Jan-2017 tagged as NLD
NLD အစိုးရက ပထမဆုံးအကြိမ် ရေးဆွဲခဲ့သော ဘတ်ဂျက်တွင် အသုံးစရိတ်အဖြစ် ကျပ်ဘီလီယံ နှစ်သောင်းကျော် (သန်းပေါင်း ၂၀၈၉၆၄၃၂ ဒသမ ၇၇၇)ကို ခွင့်ပြုပေးရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြတောင်းခံထားကြောင်း ပြည်ထောင်စု လွှတ်တော် အသိုင်းအဝိုင်းထံမှ သိရသည်။
20-Jan-2017 tagged as NLD ဦးဝင်းထိန်
အစိုးရအဖွဲ့ဝင်များနှင့် ဥပဒေပြုရေးမှ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို စိစစ်နိုင်ရန်အတွက် စိစစ်ရေးအဖွဲ့ကို ယင်းပါတီအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် ခေါင်းဆောင်၍ အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်လိုက်သည်။
18-Jan-2017 tagged as NLD SNLD
ရှမ်းပြည်နယ် NLD ပါတီမှ ထုတ် ပယ်ခံရသော ပါတီခေါင်းဆောင်များနှင့် နုတ်ထွက်သူများကို SNLD ပါတီမှ လက်ခံသွားမည်ဖြစ်ကြောင်း SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။