News

POST TAGGED AS

NLD

YBS သည် လက်ရှိတွင် ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ ဒုက္ခရောက်နေသည့် သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်သည်။ မထသစနစ်မှ YBS စနစ်သို့ စတင်ပြောင်းလဲသူသည် ဝန်ကြီးချုပ်ပင် မဟုတ်ပါလော။ ထို့ပြင် ရန်ကုန်တိုင်းအတွင်း ပြည်သူသန်းနှင့်ချီ ဒုက္ခရောက်နေကြသော စနစ်တစ်ခုအတွက် ဝန်ကြီးချုပ်တွင် တာဝန်ရှိသည် မဟုတ်ပါလော။
23-Apr-2017 tagged as NLD
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မ ရဲစခန်းတွင် ဧပြီလ၂၁ ရက်နေ့က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့် ဖမ်းဆီးခံရသူ ဦးမျိုးဇော်ထွေးမှာ NLD ပါတီဝင် မဟုတ်ကြောင်း ပခုက္ကူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းဆွေက ပြောကြားသည်။
အစိုးရဖြစ်ပြီး ၁၀ လအကြာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အစ္စလာမ် ဘာသာဝင် ဥပဒေရေးရာ အကြံပေးတစ်ဦး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ဖြစ်ချင်း ယင်းကိစ္စအပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်း မရှိခဲ့ပေ။
02-Apr-2017 tagged as NLD
တိုင်းရင်းသား ဒေသများတွင် စိတ်ဝင်စားမှု မြင့်မားမည်ဟု ခန့်မှန်းခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲမှာ လက်တွေ့ကျင်းပချိန်တွင် လူထုစိတ်ဝင်စားမှု နည်းပါးသည်ကို တွေ့ခဲ့ရပြီး ယင်းအပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက “ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေက လူထုအတွက် ဘာမှပြောင်းလည်းပေးနိုင်ခြင်း မရှိတော့ လူထုက ဆန္ဒမဲပေးဖို့ စိတ်မဝင်စားဘူး သူတို့ဘဝတွေ မထူးလာတော့ မဲပေးဖို့ စိတ်ဝင်စားမှု နည်းလာတာပါ” ဟု သုံးသပ်ပြောကြားသည်။
01-Apr-2017 tagged as တံတား NLD
ကြားဖြတ်ရွေးကောက်ပွဲ အခြားမဲဆန္ဒနယ်မြေများနည်းတူ ဘီလူးကျွန်းသည်လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးခဲ့သော်လည်း တံတားကိစ္စ အငြင်းပွားမှု၊ ရွေးကောက်ပွဲ အသိပညာပေး လုပ်ငန်းများ ဒုတိယအကြိမ် ထပ်မံပြုလုပ်ပေးခြင်းနှင့် ပါတီများ၏ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံး လှုပ်ရှားမှုများက ဒေသခံများကို ရွေးကောက်ပွဲဆီသို့ ဆွဲငင်နေသည်။
30-Mar-2017 tagged as NLD
ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက် ကမ္ဘောဇဘဏ်ခွဲ (၂) အနီး ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ရပ်နားထားသည့် NLD ပါတီ မဲဆွယ်စည်းရုံးရေးယာဉ် နှစ်စီး ယနေ့ (မတ်လ ၃၀ ရက်) နံနက်ပိုင်းက ဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။
26-Mar-2017 tagged as အစိုးရ NLD
အစိုးရတစ်ရပ်မှ နောက်အစိုးရတစ်ရပ်သို့ ပြောင်းလဲခဲ့သည်မှာ အချိန်တစ်နှစ်တိုင်ခဲ့ပြီ။ နွေဦးကြိုသံများနှင့် ပျားရည်ဆမ်းကာလသည်လည်း နိဋ္ဌိတံခဲ့ပြီ။ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အမျိုးမျိုးသော စိန်ခေါ်မှုများကြားမှ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရသည် အားသွန်ခွန်စိုက် ရုန်းထွက်ရပေဦးမည်။
25-Mar-2017 tagged as အစိုးရ NLD
အစိုးရ၊ ပါတီ၊ လွှတ်တော်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြု လည်ပတ်နေရသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စိတ်ချရသောသူများကို လုပ်ငန်းများ လွှဲအပ်လုပ်ကိုင်စေပုံ ရသော်လည်း သူ့ထံသို့ ဆုံးဖြတ်ချက်များ အတည်ပြုရန် ပြန်ပြန်ရောက်လာခြင်း၊ သူ့အရိပ်အကဲကို ကြည့်နေပုံရခြင်းတို့ တွေ့ရသည်။