News

ပုဒ်မ ၆၆(ဃ) ဖြင့်တရားစွဲခံရသူ NLD ပြန်ကြားရေးတာဝန်ခံ အာမခံရ
ရေဘေးအလှူပစ္စည်းများနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်ဟုဆိုသော ပြည်မြို့နယ် NLD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံအား ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုကို နိုဝင်ဘာ၂၁ ရက်က တရားရုံး၌ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး တရားစွဲခံထားရသူကို တရားရုံးက အာမခံပေးခဲ့ကြောင်း ပြည်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်းက ပြောကြားသည်။

ပြည်မြို့ရေဘေး လှူဒါန်းမှုများအနက် ငွေကျပ် ၁သိန်းနှင့်အ၀တ်အစားအချို့ကို ဒုက္ခသည်များမရရှိကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် မြို့နယ် NLD ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ညဏ်ဝင်းကတင်ခဲ့သည်ဟုဆိုကာ နှစ်ဦးနှစ်ဖက် အငြင်းပွားခဲ့ပြီးနောက်ပိုင်း အပြန်အလှန် တရားစွဲခံရခြင်းဖြစ်ပြီး ဝါးရုံဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးက တရားစွဲခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များကို ရေးသားတိုက်ခိုက်ခဲခြင်းမဟုတ်၍ ယခုကဲသို့အာမခံရခြင်းဖြစ်နိုင်ကြောင်း တရားစွဲခံရသူနှင့်နီးစပ်သူများက ပြောကြားသည်။



FOLLOW US