News

23-Feb-2018

ဆန္ဒပြ ပဲခူး NLD
ဇီးကုန်းတွင် NLD ခေါင်ဆောင်များကို လူ ၂၀ ကျော် ဆန္ဒပြ


ဇီးကုန်း၊ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင် ဇီးကုန်းမြို့တွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့​ နံနက် ၉နာရီ အချိန်တွင် မြို့ခံ ၂၀ ကျော်တို့က NLD ခေါင်ဆောင်များကို ဆန္ဒပြခဲ့သည်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို လူ ၃၀၀ ကျော်အတွက် ခွင့်ပြုချက်ရပြီးဖြစ်သော်လည်း လူ ၂၀ သာ လာရောက်ပြသကြောင်း ဦးဆောင်ဆန္ဒပြသူ ဦးသန်းအောင်က ပြောသည်။

အဆိုပါ ဆန္ဒပြရာတွင် ကြွေးကြော်သံများအဖြစ် ဇီးကုန်းတွင် ပြည်သူကိုအလေးမထား NLD ခေါင်ဆောင်များ အလိုမရှိ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ မမှန်မကန် လုပ်ဆောင်ခဲ့သော NLD ခေါင်ဆောင်များ အလိုမရှိ၊ နိုင်ငံရေးအမည်ခံ နိုင်ငံရေးလုပ်စားသူများ ကျရှုံးပါစေ၊ အမေစု ကျန်းမာပါစေ စသည့် ကြွေးကြော်သံများဖြင့် ဇီးကုန်မြို့ ဦးယာလမ်းထိပ်မှ ဇီးကုန်းမြို့နယ် NLD ပါတီရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြကြကြောင်း ဆန္ဒဖေါ်ထုတ်မူတွင်ပါဝင်သည့် NLD ပါတီ စိန်မှုံးသာရပ်ကွက် အုပ်စုခေါင်ဆောင် ဦးတွတ်က ပြောသည်။

“ကျွန်တော်တို့ ဇီးကုန်းမြို့ သမိုင်းမရိုင်းအောင် ခုလိုဆန္ဒပြရခြင်းဖြစ်ပါတယ် နိုင်ငံရေးအရေ ခြုံလုပ်စားသူတွေရှိနေကြတယ်။ ဒါတွေကို ပြည်သူတွေအတွက် အလေးမထားဘူး ၂၀၂၀ ရွေးကောက်ပွဲအတွက် သန့်ရှင်းဖို့ အတွက် ကျွန်တော်တို့ ခုလိုဆန္ဒပြရခြင်းဖြစ်ပါတယ်”ဟု ဦးဆောင်သူ ဦးသန်းအောင်က ထပ်လောင်းရှင်းပြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ဇီးကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ မြို့ခံအင်အား ၃၀၀ ကျော် ခွင့်ပြုချက် တောင်းခံထားသော်လည်း ယင်းဆန္ဒပြပွဲတွင်ပါဝင်ပါက တရားစွဲမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် မလိုက်ရဲဖြစ်ရကြောင်း ဇီးကုန်းပြည်သူ အမည်မဖေါ်လိုသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

R-19



FOLLOW US