News

03-Oct-2017

NLD
NLD နာယက ဦးကျော်ခိုင် ကွယ်လွန်
ရန်ကုန်၊ အောက်တိုဘာလ  ၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးကျော်ခိုင်(တောင်ကုတ်) သည် အသက် ၉၅ နှစ်အရွယ် အောက်တိုဘာလ  ၃ ရက်နေ့ နံနက်ပိုင်းအချိန်၌ ကွယ်လွန်သွားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်က The Voice သို့ ပြောသည်။

NLD နာယက ဦးကျော်ခိုင်သည် အောက်တိုဘာလ  ၃ နံနက်ပိုင်း၌ တောင်ကုတ်မြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဦးကျော်ခိုင်သည် ၁၉၈၈ အရေးတော်ပုံ၌ တောင်ကုတ်မြို့နယ်၌ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ် စည်းရုံးရေး ကော်မတီဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။
“ယနေ့ နံနက်ပိုင်း ၂ နာရီခန့်က ကွယ်လွန်ခဲ့တာဖြစ်တယ်” ဟု ဦးမင်အောင်က ပြောသည်။

NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် ၇ ဦးတွင် ဦးတင်ဦး (နာယက)၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးကျော်ခိုင်၊ ဦးသိန်းတန်၊ ဦးနိုင်သောင်းညွှန့်တို့ ပါဝင်ခဲ့သည်။

Photo - Min Khin (Fb)

J-07



FOLLOW US