News

25-Jul-2017

NLD
NLD နာယက သူရဦးတင်ဦး ကျန်မာရေး ကောင်းမွန်ဟုဆို
ရန်ကုန်၊ ဇူလိုင် ၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ယင်းပါတီထံမှ သိရသည်။

သူရဦးတင်ဦး ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိပြီး အင်တာနက် လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်နေသည့် သတင်းများ မဟုတ်မှန်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် နာယကကြီး သူရဦးတင်ဦး ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ကောလာဟလ သတင်းများ ပျံ့နှံ့လျက်ရှိသည်။

“အဲဒါတွေ မှားပါတယ်။ နာယကကြီး ကျန်းမာရေး ကောင်းပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

J-08



FOLLOW US