News

POST TAGGED AS

NCA

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ် စာချုပ်တွင် လက်မှတ် မထိုးရသေးသော လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့ လာမည့် မတ်လ ၁ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် အမြန်ဆုံး ပါဝင်လက်မှတ်ထိုးနိုင်ရေး အစိုးရ၊ တပ်မတော်တို့က ပိုမိုလမ်းဖွင့်ပေးရန် ပထမအကြိမ် ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲက ထုတ်ပြန်တောင်းဆိုလိုက်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ကျင်းပမည့် လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည် နယ် ဘားအံမြို့၌ ဇန်နဝါရီ ၁၈ ရက် (ယနေ့) နံနက်ပိုင်းက စတင်ကျင်းပသွား မည်ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
12-Dec-2016 tagged as NCA လက်နက်ကိုင်
မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသော လက်နက်ကိုင်ရှစ်ဖွဲ့က ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်း မရှိဘဲ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများသို့ သွားနိုင်ရန် ကြိုးစားနေခြင်းသည် မဖြစ်သင့်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်
ကိစ္စရပ်တိုင်းမှာ အချိန်အကန့်အသတ်ဆိုတာ ရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း အစိုးရတစ်ခုချင်းစီရဲ့ မူဝါဒနဲ့ အချိန်အကန့်အသတ်ဆိုတာ ရှိပါတယ်။ အခု ပြည်သူရွေးချယ်ထားတဲ့ အစိုးရ ရရှိဖို့ဆိုတာ ရခဲလှတဲ့ အခွင့်အခါတစ်ခု ဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ပြည်သူ့ထောက်ခံမှုတွေနဲ့ ပြည်သူအကျိုးရှိမယ့် ကိစ္စရပ်တွေကို မိမိတို့ သက်တမ်းကာလ အတွင်း ဖော်ဆောင်ချင်တဲ့ဆန္ဒ ပြင်းပြမှု ရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် အားလုံးပါဝင်အောင် စောင့်နေရင်း ရရှိပြီးသား အကျိုးကျေးဇူးတွေပါ လက်လွတ်သွားတာမျိုး မဖြစ်ဖို့ လိုပါတယ်။
မိုင်ဂျာယန်၏ နေ့ရက်များမှာ စိုးရိမ်သံများ၊ မျှော်လင့်ချက်များဖြင့် ဒွိဟပုံရိပ်များကို ဖော်ကျူးလျက်ရှိသည်။ ...တိုင်းရင်းသား ခေါင်းဆောင်အချို့၏ မျက်နှာတွင် စိုးရိမ်မှုများ အထင်းသား။