News

POST TAGGED AS

NCA

22-Apr-2017 tagged as NCA ရှမ်းပြည် RCSS
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လူမျိုးအလိုက် ဆွေးနွေးပွဲ ကျင်းပခြင်းမရှိဘဲ ဒေသအလိုက် ဆွေးနွေးပွဲသာ ကျင်းပမည့်အပေါ် ရှမ်းနိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
31-Mar-2017 tagged as နိုင်ငံရေး NCA
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့ ပါဝင် လက်မှတ်ရေးထိုးမည်ဆိုသည့် ထုတ်ပြန်ချက်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပြီးနောက် ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) မှ ပြန်ကြားရေးတာဝန်ခံ တာ့အိုက်ညွန့်က The Voice သို့ ပြောဆိုသည်။
31-Mar-2017 tagged as NCA
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်ချက်ကျသည့် အနေအထားထိ မရောက်သေးဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။
30-Mar-2017 tagged as NCA
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ မတ်လ ၂၁ ရက်တွင် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ပြုလုပ်ပြီးနောက် ဗဟိုအလုပ်အမှုဆောင်များက လက်မှတ်ထိုးရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက ပြောကြားသည်။
30-Mar-2017 tagged as KIO NCA UNFC
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို မီးမောင်းထိုးခြင်းထက် ပြည်ထောင်စု သဘောတူညီချက် (Union Accord) ကိုသာ မျက်နှာမူကြရန် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်သည်။
24-Mar-2017 tagged as NCA
မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် မွန်ပြည်သစ်ပါတီသည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ပြင်ဆင်နေသည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။
မိုင်းလား အထူးဒေသတွင် “ဝ” ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA) က ငါးလနီးပါးခန့် ထိန်းချုပ်ထားသည့် NDAA (မိုင်းလား) တပ်စခန်းများကို ပြန်လည် လွှဲပြောင်း ပေးအပ်လိုက်ပြီ
28-Feb-2017 tagged as NCA ဦးဝင်းထိန်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အနေဖြင့် စာချုပ်ကို သတ္တိရှိရှိ ရေးထိုးကြရန် ဦးဝင်းထိန်က တိုက်တွန်း ပြောကြားသည်။
26-Feb-2017 tagged as NCA
KIA နှင့် “ဝ” အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ခုက အပစ်အခတ် ရပ်စဲရေးဆိုင်ရာ NCA စာချုပ်ကို လက်မှတ်ထိုးမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မတူညီမှုများကိုသာ ညှိနှိုင်းဖြေရှင်းရန် လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ အလုပ် အမှုဆောင် ကော်မတီဝင် စောတာဒိုမူးက ပြောကြားသည်။
21-Feb-2017 tagged as NCA
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံကို “ဝ”ဒေသ ပန်ဆန်း၌ ဖေဖော်ဝါရီ ၂၂ ရက် (ယနေ့) တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။