News

POST TAGGED AS

NCA

14-Oct-2017 tagged as NCA
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် အခမ်းအနား အောက်တိုဘာလ ၁၅ ရက်၌ ကျင်းပမည်ဖြစ်ရာ ယင်းသို့တက်ရောက်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်သွားရန် မရှိကြောင်း ၎င်းနှင့်နီးစပ်သူအချို့ထံမှ စုံစမ်းသိရှိရသည်။
12-Oct-2017 tagged as NCA
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၂ နှစ်မြောက် အခမ်းအနားသို့ သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် ယခင်အစိုးရအဖွဲ့ဝင်များ အားလုံး တက်ရောက်ရန် နိုင်ငံတော်အတိုင်ပင်ခံက ဖိတ်ကြားထားကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။
23-Sep-2017 tagged as NCA DKBA KNU RCSS CNF
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်တို့ အောက်ခြေမြေပြင်ရှိ တပ်မှူးများ ပုံမှန် တွေ့ဆုံမှုများ ပြုလုပ်သွားရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) က ဆုံးဖြတ်ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။
မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့ ဩဂုတ်လ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာ တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA နှင့် ပတ်သက်သည့်ကိစ္စ အဓိက ဆွေးနွေးခဲ့ကြသည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
23-Aug-2017 tagged as alp NCA AA
ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) လက်နက်ကိုင်အဖွဲ့ ဌာနချုပ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ALP ဌာနခွဲတစ်ခု ကျသွားကြောင်း အဆိုပါ လက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။
အပစ်ရပ်စာချုပ် (NCA) လက်မှတ် ရေးထိုးရေးအတွက် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့်ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ တရားဝင် တွေ့ဆုံ ဆွေးနွေးနေမှုတွင် အချက်လေးချက် သဘောတူညီမှု ရပြီဖြစ်ပြီး ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲမှ စုံစမ်းသိရသည်။
02-Aug-2017 tagged as NCA UNFC
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ ညီလာခံနှင့် ပတ်သက်သည့် အကြိုညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို လာမည့် ဩဂုတ်လ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်သွားမည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် တွေ့ဆုံ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
17-Jun-2017 tagged as NRPC NCA TNLA
မြောက်ပိုင်းအဖွဲ့များကို တရုတ်နိုင်ငံ၌ တွေ့ဆုံရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဘက်မှ ကမ်းလှမ်းထားကြောင်း မြောက်ပိုင်းအဖွဲ့ဝင် တအာင်း/ပလောင် (TNLA) အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က The Voice သို့ ပြောကြားသည်။
စစ်ပွဲသံတွေကြားကပင် ပင်လုံညီလာခံကြီး ပြန်စကြပြီ။ ညီလာခံနီးလျှင် ရှေ့တန်းတစ်နေရာ၌ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားကာ ထိခိုက်ကျဆုံးမှုများ မြင်တွေ့ရတတ်သည့် အစဉ်အလာကလည်း မပျက်မယွင်း တည်နေပြန်သည်။