News

14-Jul-2017

NASA
နေပေါ်တွင် မိုင် ၇၅၀၀၀ ခန့်ကျယ်သော အပေါက်ကြီး ဖြစ်ပေါ်
နေတွင် မိုင် ၇၅၀၀၀ ခန့် ကျယ်ဝန်းသည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခြင်းမှာ ကမ္ဘာကြီးအတွက် မည်သည့်သက်ရောက်မှုများ ဖြစ်လာမည်ကို မခန့်မှန်းနိုင်သေးကြောင်း NASA အဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို SpaceWeather.com သတင်းတွင် ဖော်ပြထားသည်။

နေပေါ်မှ အစက်အပြောက် တွင်းကြီးကို မိုင်ပေါင်း ၇၄၅၆၀ အကွာမှ AR2665 ဆိုသည့် NASA က စေလွှတ်ထားသည့် အာကာသယာဉ်က ရိုက်ကူးကာ မြေပြင်စခန်းသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။




FOLLOW US