News

POST TAGGED AS

MOURINHO

မန်ယူနည်းပြ မော်ရင်ညိုသည် လက်ရှိနွေဈေးကွက်အတွင်း ကစားသမားသစ်များခေါ်ယူရန်အတွက် အသုံးပြုမည့် အပြောင်းအရွှေ့အသုံးစရိတ်များကို ဂါရတ်ဘေးလ်တစ်ဦးတည်းအတွက် မဖြုန်းတီးပစ်လိုက်ရန် မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့ကို သတိပေးထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနောက်ခံကစားသမားဟောင်း ဖာဒီနန်သည် နည်းပြ မော်ရင်ညိုအနေနှင့် တိုက်စစ်ကစားနိုင်စွမ်းရှိသော ကစားသမာအစုအဖွဲ့တစ်ခုကို ပိုင်ဆိုင်ထားပါလျက်နှင့် မည်သည့်အတွက် ခံစစ်အားပြုသည့် ကစားဟန်ဖြင့် မန်ယူကို ပုံဖော်နေသည်ဆိုခြင်းကို နားမလည်နိုင်ဖြစ်ရပါကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် အသင်းပရိသတ်များ၏အားပေးထောက်ခံမှုကို မရရှိပါက ရာထူးနုတ်ထွက်သည့်လမ်းစဉ်ကို ရွေးချယ်ရန် ဆုံးဖြတ်ရလိမ့်မည်ဟု သတိပေးစကားပြောကြားလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးက မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် တိုက်စစ်မှူး လုကာကုနှင့် ကွင်းလယ်လူ ဖယ်လိုင်နီတို့၏အသင်းအပေါ်ထားရှိသော စိတ်ထားကို မေးခွန်းထုတ်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးက မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် အင်စထရာဂရမ် လူမှုကွန်ရက်စာမျက်နှာထက်၌ မရပ်မနား လှောင်ပြောင်ခံခဲ့ရသည့်အတွက် ၎င်း၏အင်စထရာဂရမ် လူမှုကွန်ရက်စာမျက်နှာကို ဖျက်သိမ်းသွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းသည် လက်ရှိနည်းပြ မော်ရင်ညိုမှာ ကစားသမားကောင်းများကို စနစ်တကျဖျက်ဆီးပစ်နေသူဟု ဝေဖန်လိုက်ပြီး မော်ရင်ညို လက်ထဲသို့ ရောက်သွားသည်နှင့် ကမ္ဘာ့အဆင့်ကစားသမားများမှာ သာမန်ကစားသမားဘ၀သို့ ရောက်သွားတော့သည်ဟု ရွိုင်ကိန်းက မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးက မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ယခုဗိုလ်လုပွဲတွင် ပိုကောင်းသည့်အသင်းက ချန်ပီယံဆုဖလား ကိုင်မြှောက်ခွင့်နှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
20-May-2018 tagged as Soccer Mourinho Manchester United Lukaku
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးက မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော အက်ဖ်အေဖလားဗိုလ်လုပွဲတွင် အသင်းပွဲထွက်လူစာရင်း၌ တိုက်စစ်မှူး လုကာကုကို မထည့်သွင်းနိုင်ခဲ့သည်မှာ ကစားသမားကိုယ်တိုင်က ကြံ့ခိုင်မှု မပြည့်ဝဟု ပြောကြားကာ ၎င်းင်းကို အရန်အဖြစ်သာ ထားရှိအသုံးပြုရန် တောင်းဆိုခဲ့၍ဖြစ်ကြောင်းခဲ့သည်မှာ ကစားသမားကိုယ်တိုင်က ကြံ့ခိုင်မှု မပြည့်ဝဟု ပြောကြားကာ ၎င်းကို အရန်အဖြစ်သာ ထားရှိအသုံးပြုရန် တောင်းဆိုခဲ့၍ဖြစ်ကြောင်း အသိပေးသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူနိုင်ရန် အခွင့်အလမ်းတစ်ရပ် ရရှိခဲ့ပါက မည်သို့မျှ လက်လွတ်ခံမည်မဟုတ်ဟု အသိပေးလိုက်ပြီး စီရော်နယ်ဒိုသာ မန်ယူထံသို့ ပြန်လည်ပြောင်းရွှေ့မည်ဆိုပါက အမြဲပင် တံခါးဖွင့်ထားကြောင်းလည်း မော်ရင်ညိုက ဆက်လက် ပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ခေါ်ယူလိုသော ကစားသမားစာရင်းတွင် အက်သလက်တီကိုနောက်ခံလူ ဗာဆယ်လ်ဂ်ျကိုနှင့် အေစီမီလန်နောက်ခံလူ ဘိုနုချီတို့ကို ထည့်သွင်းထားလိုက်ပြီဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်ရှိ ဗာဆယ်လ်ဂ်ျကိုကို ညာနောက်ခံလူနေရာအတွက်လည်းကောင်း၊ ဝါရင့်နောက်ခံလူ ဘိုနုချီကို ဗဟိုခံစစ်နေရာအတွက်လည်းကောင်း မန်ယူက ခေါ်ယူလိုနေခြင်းဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။