News

POST TAGGED AS

MORATA

04-Aug-2018 tagged as Soccer Premier League Chelsea Morata
ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာသည် သားအမြွှာဖွားမြင်သည့်အထိမ်းအမှတ်အဖြစ် ၎င်းကျော့နံပါတ်ကို ၉ မှနေ၍ ၂၉ သို့ ပြောင်းလဲကာ ၀တ်ဆင်သွားမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အေစီမီလန်အသင်းတာဝန်ရှိသူများသည် အသင်းပွဲထွက်ဂိုးသမား ဒွန်နာရမ်းမားကို ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာနှင့် အလဲအထပ်လုပ်လိုက်ရန် ကြံစည်နေပြီဖြစ်ပြီး ဒွန်နာရမ်းမား၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာနှင့် အေစီမီလန်ဒါရိုက်တာဘုတ်အဖွဲ့အကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေသည့်အချက်ကလည်း အေစီမီလန်ကို ဒွန်နာရမ်းမား စွန့်ခွာဖြစ်စေရန်အတွက် တွန်းအားတစ်ရပ်ဖြစ်လျက်ရှိကြောင်း Football Italia က ဖော်ပြထားသည်။
24-May-2018 tagged as Soccer Premier League Chelsea Morata
ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာသည် အီတလီနိုင်ငံ မီလန်မြို့သို့ ဈေးဝယ်ထွက်ရန် အလည်အပတ်ခရီးသွားရောက်ခဲ့စဉ်တွင် ဂျူဗင်တပ်ဒါရိုက်တာ ပါရာတီစီနှင့် တွေ့ဆုံစကားပြောဆိုခဲ့ပြီး ယင်းသို့တွေ့ဆုံခဲ့ရာတွင် မိုရာတာ၏အေးဂျင့်ဖြစ်သူ ဟွမ်မာလိုပက်ဇ်လည်း ပါဝင်ခဲ့သည့်အတွက် ချယ်လ်ဆီးကို ကျောခိုင်းစွန့်ခွာ၍ ဂျူဗင်တပ်ထံသို့ မိုရာတာ ပြောင်းရွှေ့သွားနိုင်သည့်သတင်းများမှာ ပိုမိုလှုပ်ခတ်လာခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
08-May-2018 tagged as Soccer Premier League Chelsea Morata Juventus
ဂျူဗင်တပ်အသင်းသည် ၎င်းတို့၏ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသည့် ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအချက်အလက်များ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ကစားဟန်နှင့် အံမ၀င်နိုင်ဖြစ်နေသည်ကို စိတ်ပျက်သည့်အတွက် မိုရာတာက အသင်းပြောင်းရွှေ့ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းအနေနှင့် တိုက်စစ်မှူး မိုရာတာကို နောက်ကျောဒဏ်ရာပြဿနာကြောင့် အနားပေးရတော့မည်ဖြစ်၍ ရှေ့လာမည့်ပွဲစဉ်များကို ဂျီရုဒ်တစ်ဦးတည်းသာ အားကိုးအားထားပြု၍ တိုက်စစ်ကို ပုံဖော်သွားရတော့မည်ဖြစ်ကြောင်း ညည်းတွားပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ခရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာမှာ ထိလိုက်သည်နှင့် လှဲချရန်အသင့်ဖြစ်နေခဲ့ပြီး ပြစ်ဒဏ်ဘောတောင်းခံရန်သာ စဉ်းစားနေခဲ့သည်ဟု ဝေဖန်ပြစ်တင်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
21-Dec-2017 tagged as Soccer Premier League Conte Chelsea Morata
ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာသည် ချယ်လ်ဆီးက ဘုန်းမောက်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ခရာဘောင်းဖလားပွဲစဉ်တွင် အဝါကတ်ပြသ သတိပေးခြင်းခံရသည့်အတွက် မနက်ဖြန်(စနေနေ့)တွင် အဲဗာတန်နှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
09-Nov-2017 tagged as Soccer Premier League Mourinho Chelsea Morata
ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာသည် လက်ရှိဘောလုံးရာသီတွင် အသင်းနှင့်အတူ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို ရယူ၍ ၎င်း၏ဆရာဟောင်းတစ်ဦးဖြစ်သူ မန်ယူနည်းပြမော်ရင်ညို တင်ရှိထားသည့်စံချိန်ကို အမီလိုက်လိုလျက်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
04-Nov-2017 tagged as Soccer Mourinho Chelsea Morata
ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာသည် မန်ယူနည်းပြ မော်ရင်ညိုနှင့် ၎င်း၏အကြားတွင် လက်ရှိအချိန်တိုင်သည်အထိ အဆက်အသွယ် မပြတ်တမ်းရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟ၀န်ခံလိုက်ပြီး ပြိုင်ပွဲကစားနေချိန်တွင်မူ မော်ရင်ညိုကို မိတ်ဆွေနေရာတွင် ထားရှိတော့မည်မဟုတ်ဘဲ ပြိုင်ဘက်အဖြစ် သတ်မှတ်ကာ ချယ်လ်ဆီးအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ရန်သာ အာရုံစိုက်သွားမည်ဟု မိုရာတာက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။