News

POST TAGGED AS

MONACO

အက်သလက်တီကိုအသင်းသည် လီဗာပူးနှင့် အာဆင်နယ်တို့၏ပစ်မှတ်စာရင်းတွင် ပါဝင်နေသော မိုနာကိုတိုက်စစ်တောင်ပံကစားသမား သောမတ်စ်လီမာကို ခေါ်ယူရရှိသွားခဲ့ပြီဖြစ်ပြီး အသင်းနှစ်သင်းအကြားတွင် သောမတ်စ်လီမာအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၆ သန်းဖြင့် သဘောတူညီမှုရသွားခဲ့ခြင်းဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းနည်းပြ ဂျာဒင်းမ်သည် လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ သောမတ်စ်လီမာကို ရောင်းထုတ်လိုက်သည့်အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်ဟု ဖွင့်ဟ၀န်ခံသွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် သောမတ်စ်လီမာကို ခေါ်ယူရန်အတွက် အာဆင်နယ်နှင့် လီဗာပူးတို့က အပြိုင်အဆိုင် စောင့်ကြည့်မှုများရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
14-Dec-2017 tagged as Soccer Ligue Monaco Fabinho
မိုနာကိုနောက်ခံကစားသမား ဖာဘင်ညိုသည် ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် မိုနာကိုကို စွန့်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပြီဖြစ်ပြီး လက်ရှိတွင် ဖာဘင်ညိုကိုခေါ်ယူရန်အတွက် မန်ယူ၊ မန်စီးတီးတို့နှင့်အပြိုင် ပီအက်စ်ဂျီနှင့် အက်သလက်တီကိုတို့ကလည်း စောင့်ကြည့်မှုများ ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
13-Dec-2017 tagged as Soccer PSG Ligue Monaco Lille Metz
ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေးကော်မတီသည် ပီအက်စ်ဂျီ၊ မိုနာကိုနှင့် မက်ဇ်တို့မှာ ၎င်းတို့ထုတ်ပြန်ပြဌာန်းထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းဖြင့် ငြိစွန်းခြင်းမရှိဘဲ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ငွေသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်ပြီး လိုင်လီကမူ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို ချိုးဖောက်ခဲ့သည့်အတွက် ကစားသမားအပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားခွင့် ပိတ်ပင်ခံရတော့မည်ဖြစ်ကြောင်း Goal က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် မိုနာကိုတိုက်စစ်တောင်ပံကစားသမား သောမတ်စ်လီမာကိုခေါ်ယူရန်အတွက် တစ်ကျော့ပြန်လည် ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ အာဆင်နယ်က ပေါင်သန်း ၉၀ အောက်ပမာဏရှိ ပြောင်းရွှေ့ကြေးမျိုးဖြင့်သာ ကမ်းလှမ်းသွားလိမ့်မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။