News

08-Aug-2018

Soccer La Liga Real Madrid Courtois
ကော်တွာကို ချယ်လ်ဆီးအသင်း ပေါင်နှစ်သိန်း ဒဏ်တပ်ရိုက်၊ ရီးရဲလ်မက်ဒရစ်ကစားသမားအဖြစ် မနက်ဖြန် မိတ်ဆက်မည်

မက်ဒရစ်၊ သြဂုတ် ၈

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ဂိုးသမား ကော်တွာကို လေ့ကျင့်ရေးဆင်းရန် ပျက်ကွက်ခဲ့ခြင်းကြောင့် နှစ်ပတ်စာ လုပ်ခလစာနှင့်ညီမျှသော ပေါင်နှစ်သိန်းကို ဒဏ်ကြေးအဖြစ် တပ်ရိုက်အရေးယူလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ကော်တွာသည် အသင်းဘက်က ၎င်း၏အပြောင်းအရွှေ့အတွက် ရီးရဲလ်မက်ဒရစ်နှင့်တွေ့ဆုံဆွေးနွေးပေးရန် အချိန်နှောင့်နှေးခဲ့ခြင်းကြောင့် လေ့ကျင့်ရေးမဆင်းဘဲ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ချယ်လ်ဆီးက ကော်တွာကို ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ဖြင့် လက်လွှတ်ပေးလိုက်ရန် သဘောတူညီလိုက်ပြီလည်းဖြစ်သည်။

ချယ်လ်ဆီးသည် မနက်ဖြန်(သြဂုတ်လ ၉ ရက်နေ့)တွင် ကော်တွာကို အသင်းကစားသမားသစ်အဖြစ် မိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ထားပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများပြီးစီးပါက ကော်တွာနှင့် ရီးရဲလ်မက်ဒရစ်အကြားတွင် ခြောက်နှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးလိမ့်မည်ဖြစ်သည်။

ချယ်လ်ဆီးနည်းပြ ဆာရီသည် ၎င်းအနေနှင့် အသင်းအတွက် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကစားပေးလိုခြင်း မရှိသော ကစားသမားတစ်ဦးကို အသင်းထံတွင် ဆက်လက်မထားရှိလိုခြင်းကြောင့် ကော်တွာကို အသင်းပြောင်းခွင့် ပေးလိုက်ခြင်းဖြစ်သည်ဟု ရှင်းပြသွားခဲ့ပြီး ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်ကလည်း နာမည်ကြီးကစားသမားများကို အားပြု၍ အသင်းအထိုင်ချတည်ဆောက်သည့် မူဝါဒတစ်ရပ်ကို ချယ်လ်ဆီး လက်လွှတ်ထားခဲ့သည်မှာ ကာလတစ်ခုရှိသွားခဲ့ပြီဖြစ်၍ ကော်တွာ မရှိပါကလည်း ကောင်းစွာလည်ပတ်နိုင်မည်သာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။




FOLLOW US