News

POST TAGGED AS

MKHITARYAN

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ကွင်းလယ်ကစားသမား မစ်ခီတာယန်ကို မန်ယူနည်းပြ မော်ရင်ညိုလက်အောက်တွင် ကစားခဲ့စဉ်က ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်ခဲ့ရသောအခြေအနေများကြောင့် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုပျောက်ဆုံးသည့်အခြေအနေများ ဖြစ်ပေါ်နေမည်ကို လွန်စွာ စိုးရိမ်ပူပန်နေကြောင်း The Sun က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် တိုက်စစ်မှူး ဆန်းချက်ဇ်အပြောင်းအရွှေ့အတွက် မန်ယူထံမှနေ၍ အလဲအထပ်အဖြစ် ရရှိလိုက်သော ကွင်းလယ်ကစားသမား အမ်ခီတာယန်မှာ ကမ္ဘာ့အဆင့်ကစားသမားမျိုးဖြစ်သည်ဟု ထုတ်ဖော်ချီးကျူးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက စတုတ်စီးတီးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်းအနေနင့် ကွင်းလယ်ကစားသမား အမ်ခီတာယန်ကို အသင်းလူစာရင်းတွင် မထည့်သွင်းဘဲ ချန်လှပ်ထားခဲ့သည်မှာ နည်းစနစ်ပိုင်းဆိုင်ရာနှင့် မသက်ဆိုင်ဘဲ အပြောင်းအရွှေ့ကိစ္စရပ်များကြောင့်သာဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းသည် မန်ယူထံတွင် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်နေရသည့် ၎င်းတို့၏ကွင်းလယ်ကစားသမားဟောင်း အမ်ခီတာယန်ကို ပြန်လည်ခေါ်ယူရန် စောင့်ကြည့်မှုများ ရှိနေပြီဖြစ်ပြီး စီးရီးအေကလပ် ရိုးမားအသင်းကလည်း ဒါမီယန်ကို အငှားခေါ်ယူနိုင်ရန် မန်ယူထံသို့ ဆက်သွယ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ကွင်းလယ်ကစားသမား အမ်ခီတာယန်၏ကြံ့ခိုင်မှုအခြေအနေကို စိတ်တိုင်းကျခြင်း မရှိတော့ကြောင်း သတင်းများ ထွက်ပေါ်နေပြီး ပင်ပန်းနွမ်းနယ်ခြင်း ဝေဒနာကို မကြာခဏ ခံစားရခြင်းက အမ်ခီတာယန်ကို ပွဲထွက်ခွင့်နည်းပါးနေစေခြင်းဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။