News

05-Jul-2018

Soccer World Cup Brazil Miranda
ဘယ်လ်ဂျီယံနှင့်ပွဲစဉ်တွင် ဘရာဇီးအသင်းခေါင်းဆောင်အဖြစ် မီရန်ဒါ တာဝန်ယူမည်

စိန့်ပီတာစဘတ်၊ ဇူလိုင် ၅

ဘရာဇီးလက်ရွေးစင်အသင်းနည်းပြ တီတီသည် ဘယ်လ်ဂျီယံနှင့်ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် အသင်းကို ဦးဆောင်ရန်အတွက် နောက်ခံလူ မီရန်ဒါကို အသင်းခေါင်းဆောင်တာဝန် အပ်နှင်းလိုက်ကြောင်း Reuters က ဖော်ပြထားသည်။

နည်းပြ တီတီသည် လက်ရှိအချိန်တိုင်သည်အထိ ဘရာဇီးလက်ရွေးစင်အသင်းအတွက် အမြဲတမ်း အသင်းခေါင်းဆောင်တစ်ဦး သတ်သတ်မှတ်မှတ် ရွေးချယ်ခြင်း မရှိသေးဘဲ အလှည့်ကျစနစ်ဖြင့် အသင်းခေါင်းဆောင်ခန့်အပ်သည့်စနစ်ကိုသာ လက်ကိုင်ပြု ကျင့်သုံးနေဆဲဖြစ်သည်။

မီရန်ဒါသည် ဘရာဇီးက ဆားဘီးယားကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သောပွဲစဉ်တွင် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခွင့်ရခဲ့ပြီး ယခုပွဲစဉ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘရာဇီးအသင်းခေါင်းဆောင်တာဝန်ကို မီရန်ဒါက ဒုတိယအကြိမ်မြောက်အဖြစ် ရရှိခြင်းလည်းဖြစ်သည်။




FOLLOW US