News

POST TAGGED AS

MILINKOVIC-SAVIC

17-Aug-2018

Soccer Serie A Lazio AC Milan Milinkovic-Savic
မန်ယူပစ်မှတ် ဆာဗစ်ကို ပေါင် ၃၆ သန်းတန်ကြေးရှိ တစ်နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူရန် အေစီမီလန် ကမ်းလှမ်း

မီလန်၊ သြဂုတ် ၁၇ 

အေစီမီလန်အသင်းသည် မန်ယူနည်းပြ မော်ရင်ညို လွန်စွာခေါ်ယူလိုခဲ့သော လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို အပြီးသတ်ဝယ်ယူခွင့်တစ်ရပ် ပါရှိသော အငှားစာချုပ်ဖြင့်ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။ 

မန်ယူသည် ဆာဗစ်ကိုခေါ်ယူရန်အတွက် အစောပိုင်း၌ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၈၉ သန်းဖြင့် သဘောတူညီမှုများ ရရှိထားခဲ့သော်လည်း နောက်ပိုင်းတွင် လာဇီယိုက ဆာဗစ်၏တန်ကြေးကို ပေါင် ၁၃၆ သန်းသို့ တိုးမြှင့်လိုက်ခြင်းကြောင့် နောက်ဆုတ်လိုက်ခြင်းဖြစ်သည်။ 

အေစီမီလန်သည် ဆာဗစ်ကို ဘောလုံးရာသီတစ်ရာသီ ငှားရမ်းခြင်းအတွက် လာဇီယိုကို ပေါင် ၃၆ သန်း ပေးချေမည်ဟု ကမ်းလှမ်းထားပြီး ဆာဗစ်၏စွမ်းဆောင်ရည်များကို နှစ်ခြိုက်သဘောကျပါက ၂၀၁၉ ခုနှစ် နွေရာသီကာလကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အပြီးသတ်ဝယ်ယူရေးအတွက် ဆက်လက် စီစဉ်သွားမည်ဟု အေစီမီလန်အသင်းတာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။ 

မန်ယူနည်းပြ မော်ရင်ညိုသည် ပေါ့ဂ်ဘာကို ဘာစီလိုနာထံသို့ လက်လွှတ်ပေးလိုက်ရသည့် အခြေအနေတစ်ရပ်ဖြစ်ပေါ်လာခဲ့ပါက ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် ဆာဗစ်ကို ခေါ်ယူရန် ယခုအချိန်တိုင်သည်အထိ ရည်ရွယ်ချက်များ ထားရှိနေဆဲဖြစ်သည်။ 



FOLLOW US