News

POST TAGGED AS

MILINKOVIC-SAVIC

17-Aug-2018

Soccer Serie A AS Roma Nzonzi
အာဆင်နယ်ပစ်မှတ် အန်ဇွန်ဇီကို ရိုးမား ခေါ်ယူအားဖြည့်

ရောမ၊ သြဂုတ် ၁၇

အီတလီစီးရီးအေကလပ် ရိုးမားအသင်းသည် အာဆင်နယ်နည်းပြသစ် ယူနိုင်းအမ်မရီ အလွန်အမင်း ခေါ်ယူလိုခဲ့သော ဆီဗီလာကွင်းလယ်ကစားသမား အန်ဇွန်ဇီကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၇ သန်း အသုံးပြု၍ ၀ယ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဘလက်ဘန်း၊ စတုတ်စီးတီးနှင့် ဆီဗီလာတို့ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့သော အန်ဇွန်ဇီသည် ယမန်နှစ်ဘောလုံးရာသီကတည်းကပင် ဆီဗီလာအသင်းတာဝန်ရှိသူများနှင့် ဆက်ဆံရေးအဆင်မပြေခဲ့ခြင်းကြောင့် အသင်းပြောင်းရန် ဆန္ဒရှိနေခဲ့ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့အပြီးတွင် ၎င်းတို့နှင့် အန်ဇွန်ဇီအကြား၌ လေးနှစ်သက်တမ်းစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်သည်ဟု ရိုးမားက သတင်းထုတ်ပြန်ထားသည်။

ရိုးမားအသင်းထံတွင် တာဝန်ထမ်းဆောင်နေသော ဆီဗီလာအားကစားဒါရိုက်တာဟောင်း မွန်ချီသည် အန်ဇွန်ဇီအပြောင်းအရွှေ့ဖြစ်မြောက်ရေးတွင် အဓိကအခန်းကဏ္ဍမှနေ၍ အရေးပါခဲ့ပြီး ဆီဗီလာထံတွင် လက်တွဲအလုပ်လုပ်ခဲ့စဉ်က မွန်ချီနှင့် ၎င်းအကြားရှိ ပုဂ္ဂိုလ်ရေးရင်းနှီးမှုများကြောင့် အန်ဇွန်ဇီမှာ ရိုးမား၏ကမ်းလှမ်းမှုကို မဆိုင်းမတွပင် လက်ခံဖြစ်သွားခဲ့ခြင်းဖြစ်သည်။

မွန်ချီသည် မန်ယူအသင်း၏သမိုင်းကြောင်းတွင် ပထမဆုံးသော အားကစားဒါရိုက်တာဖြစ်လာရန်လည်း ဗန်ဒါဆားနှင့်အတူ ရေပန်းစားနေပြီး မန်ယူအသင်းတာဝန်ရှိသူများမှာ လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် မဖွင့်မီတွင် အားကစားဒါရိုက်တာသစ်တစ်ဦး ခန့်နိုင်ရန် အပူတပြင်း စီစဉ်နေကြလျက်ရှိသည်။




FOLLOW US