News

POST TAGGED AS

MILINKOVIC-SAVIC

17-Aug-2018 tagged as Soccer Serie A Lazio AC Milan Milinkovic-Savic
အေစီမီလန်အသင်းသည် မန်ယူနည်းပြ မော်ရင်ညို လွန်စွာခေါ်ယူလိုခဲ့သော လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို အပြီးသတ်ဝယ်ယူခွင့်တစ်ရပ် ပါရှိသော အငှားစာချုပ်ဖြင့်ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
လာဇီယိုကွင်းလယ်ကစားသမား ဆာဗစ်သည် ၎င်း၏အနာဂတ်နှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်ကို လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်သို့ရောက်မှသာ ချမှတ်သွားတော့မည်ဖြစ်ပြီး မန်ယူနည်းပြ မော်ရင်ညိုကမူ လာဇီယိုဘက်က မတန်တဆ ဈေးနှုန်းမျိုးကို တောင်းဆိုမည်ဆိုပါက ဆာဗစ်ကို ၀ယ်ယူတော့မည်မဟုတ်ဘဲ အခြားသော ကွင်းလယ်ကစားသမားတစ်ဦးကို ထပ်မံရှာဖွေရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ယူမပေးလိုသော ပြောင်းရွှေ့ကြေးကို ပေးချေ၍ လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူရန် ကြိုးပမ်းသွားတော့မည်ဖြစ်ကာ ရီးရဲလ်မက်ဒရစ်သာ အမှန်တကယ် ကြားဝင်လာခဲ့မည်ဆိုပါက မန်ယူမှာ ဆာဗစ်ကိုခေါ်ယူနိုင်ရေး၌ အခက်အခဲများကို ရင်ဆိုင်ကြုံဆုံရတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူအသင်းသည် ဇီဒန်းလက်သစ်ဟု တင်စားခြင်းခံထားရသော လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူနိုင်ရန်အတွက် အခြေအနေ လွန်စွာကောင်းမွန်နေပြီဖြစ်ပြီး ၎င်းတို့အနေနှင့် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၈၀ နှင့်အထက် ရရှိပါက ဆာဗစ်ကို လက်လွှတ်လိုက်ရန် ဆုံးဖြတ်ထားပြီဖြစ်ကြောင်း လာဇီယိုကလည်း အသိပေးထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။