News

POST TAGGED AS

MIKE DEAN

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကို ဒိုင်လူကြီးမိုက်ခ်ဒင်းန်၏အရည်အသွေးပိုင်းဆိုင်ရာအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့်လုပ်ရပ်အတွက် စွဲချက်တင်လိုက်ပြီဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း သတ်မှတ်ခံခဲ့ရမည်ဆိုပါက အာစင်ဝင်းဂါးမှာ ပွဲပယ်ပြစ်ဒဏ်တစ်ရပ် ကျခံရရန် သေချာနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၀က်စ်ဘရွန်းနှင့် အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၀က်စ်ဘရွန်းအသင်းကို ပွဲပြီးဆုံးရန် မိနစ်အနည်းငယ်သာ လိုတော့ချိန်တွင် ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးလိုက်သည့် ကွင်းလယ်ဒိုင်လူကြီး မိုက်ခ်ဒင်းန်၏ဆုံးဖြတ်ချက်ကို ယခုအချိန်တိုင်သည်အထိ ဒေါသပေါက်ကွဲနေဆဲဖြစ်ပြီး မိုက်ခ်ဒင်းန်မှာ ၎င်းအလိုရှိသည့်အရာကိုသာ မြင်တွေ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ချင့်ချိန်စဉ်းစားခြင်းမရှိဘဲ ဆုံးဖြတ်ချက်ကို လွယ်လင့်တကူ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အာစင်ဝင်းဂါးက ဝေဖန်သွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၀က်စ်ဘရွန်းနှင့် အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် ဒိုင်လူကြီးများကို ဝေဖန်စကားပြောကြား၍ အချိန်မဖြုန်းလိုကြောင်း မှတ်ချက်စကားပြောကြားသွားခဲ့ပြီး ယင်းပွဲစဉ်တွင် ၀က်စ်ဘရွန်းအသင်း ချေပဂိုးရရှိသွားသည့် ပင်နယ်တီဖြစ်စဉ်အတွက် ကွင်းလယ်ဒိုင်လူကြီး မိုက်ခ်ဒင်းန်၏ဆုံးဖြတ်ချက်ကို အာစင်ဝင်းဂါးက မကျေမနပ်ဖြစ်ခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။