News

POST TAGGED AS

MICHEAL KEANE

မီနာကိုခေါ်ယူရန် အဲဗာတန်အသင်း ပြောင်းရွှေ့ကြေးသဘောတူညီမှုရ

လီဗာပူး၊ သြဂုတ် ၆

အဲဗာတန်အသင်းသည် ဘာစီလိုနာနောက်ခံလူ မီနာကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်ပြေသွားခဲ့ပြီဖြစ်ပြီး အသင်းနှစ်သင်းအကြားတွင် မီနာအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၈ ဒသမ ၄ သန်းဖြင့် သဘောတူညီမှုရခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အဲဗာတန်သည် ဒစ်ဂ်နေးကို ခေါ်ယူခဲ့စဉ်ကတည်းကပင် ဘာစီလိုနာနှင့် ဆက်ဆံရေးကောင်းများရှိနေခဲ့ခြင်းဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်ရှိ မီနာမှာ လွန်ခဲ့သည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ ဘရာဇီးကလပ် ပါးလ်မေးရပ်စ်မှနေ၍ ဘာစီလိုနာထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၀ သန်းတည်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မီနာသည် လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ အဲဗာတန်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် စတုတ္ထမြောက်ကစားသမားဖြစ်ကာ ၎င်းမတိုင်မီတွင် ရီချာလီဆင်၊ ဗာဂျီးနီးယားနှင့် ဒစ်ဂ်နေးတို့ကို အဲဗာတန်က ၀ယ်ယူအားဖြည့်ထားခဲ့ပြီးဖြစ်သည်။

မီနာသည် ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ၏လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရနိုင်ရန် ရုန်းကန်နေရခြင်းကြောင့် ယခုကဲ့သို့ အသင်းပြောင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး မန်ယူမှာ မီနာအပြောင်းအရွှေ့အတွက် ဆွေးနွေးရာတွင် ကစားသမားဖြစ်သူ၏အေးဂျင့်တောင်းဆိုသော အကျိုးဆောင်ခကို များလွန်းသည်ဟု ယူဆခဲ့ခြင်းကြောင့် မအောင်မြင်ဖြစ်ခဲ့ရခြင်းဖြစ်သည်။




FOLLOW US