News

27-May-2018

Soccer Neymar PSG Ligue Mbappe
အခြေအနေအရ နေမာထက် အမ်ဘတ်ပေကို လက်လွှတ်ရန်သာ ပီအက်စ်ဂျီ ဆုံးဖြတ်လိမ့်မည်ဟု မန်စီးတီး မျှော်လင့်

ပဲရစ်၊ မေ ၂၇

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းသည် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပေကို ခေါ်ယူရန် စောင့်ကြည့်မှုများ ရှိနေပြီဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသောအခြေအနေများအရ နေမာနှင့် အမ်ဘတ်ပေ ယှဉ်လာပါက အမ်ဘတ်ပေကို လက်လွှတ်ရန်သာ ပီအက်စ်ဂျီက ဆုံးဖြတ်လိမ့်မည်ဟု မန်စီးတီးက ယူဆထားကြောင်း The Mirror က ဖော်ပြထားသည်။

ပီအက်စ်ဂျီသည် ယမန်နှစ်ဘောလုံးရာသီ၌ အမ်ဘတ်ပေနှင့် နေမာတို့ကို ငွေကြေးအလုံးအရင်း အသုံးပြုခေါ်ယူခဲ့သည့်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းဖြင့် ငြိစွန်းမည်ကို စိုးရိမ်နေရပြီဖြစ်ပြီး အကယ်၍ ယင်းစည်းမျဉ်းဖြင့် ငြိစွန်းခဲ့ပါက လုပ်ခလစာနှင့် အပြောင်းအရွှေ့အသုံးစရိတ် အသုံးပြုမှုတို့ အတိုင်းအတာတစ်ရပ်အထိ ကန့်သတ်ခံရခြင်းကို ပီအက်စ်ဂျီက ရင်ဆိုင်လိုက်ရတော့မည်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်နှင့် မန်ယူတို့သည်လည်း ပီအက်စ်ဂျီက တိုက်စစ်မှူး နေမာကို ရောင်းထုတ်မည်၊ မထုတ်မည်ကို အတိအကျ သိရှိလိုသည့်အတွက် အကဲခတ်စုံစမ်းမှုများ ရှိနေပြီး မန်စီးတီးကမူ ပီအက်စ်ဂျီမှာ ဈေးကွက်ပုံရိပ်ရှိသော နေမာကို ဆက်လက်ထိန်းသိမ်းထားပြီး အမ်ဘတ်ပေကို လက်လွှတ်လိုက်လိမ့်မည်ဟု တွက်ဆမှုများရှိနေသည်။

ပီအက်စ်ဂျီသည် ယမန်နှစ်ဘောလုံးရာသီ၌ ယူအီးအက်ဖ်အေ၏ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို တိမ်းရှောင်နိုင်စေရန်အတွက် အမ်ဘတ်ပေကို အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းစာချုပ်တွင် အမ်ဘတ်ပေ၏တန်ကြေးကို ပီအက်စ်ဂျီနှင့် မိုနာကိုတို့က ပေါင် ၁၅၇ ဒသမ ၈ သန်းဖြင့် သဘောတူညီထားသော်လည်း အခြေအနေအရ အမ်ဘတ်ပေကို မဖြစ်မနေ ရောင်းထုတ်ရမည်ဆိုပါက ပီအက်စ်ဂျီမှာ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀၀ ၀န်းကျင် တောင်းဆိုဖွယ်ရှိနေသည်။




FOLLOW US