News

POST TAGGED AS

MBAPPE

18-Sep-2018 tagged as Soccer PSG Ligue Mbappe
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် တိုက်စစ်မှူး အမ်ဘတ်ပေကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်တွင် ပြောင်းရွှေ့ကြေးမတတ်နိုင်သည့်အတွက် ဆွေးနွေးမှုများ ပျက်ပြယ်သွားခဲ့ရကြောင်း Daily Mail က ဖော်ပြထားသည်။
17-Jul-2018 tagged as Soccer World Cup Mbappe France
ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေသည် ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားပေးခဲ့ခြင်းအတွက် ၎င်းကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်သည့် ဆုကြေးငွေများအားလုံးကို လူမှုအဖွဲ့အစည်းများထံသို့ ပေးအပ်လှူဒါန်းသွားလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
16-Jul-2018 tagged as Soccer World Cup Mbappe France
ပြင်သစ်လက်ရွေးစင်အသင်းတိုက်စစ်မှူး အမ်ဘတ်ပေသည် ၎င်းအနေနှင့် လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ပီအက်စ်ဂျီကိုစွန့်ခွာ၍ အသင်းပြောင်းရွှေ့ရန် စဉ်းစားထားခြင်း မရှိကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ပြီး ယင်းအတွက် ပီအက်စ်ဂျီမှာ ၎င်း၏အဓိကကစားသမားနှစ်ဦးဖြစ်သော နေမာနှင့် အမ်ဘတ်ပေတို့ နှစ်ဦးလုံးကို အသင်း၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် လွန်စွာအခြေအနေကောင်းမွန်သွားခဲ့ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
02-Jul-2018 tagged as Soccer World Cup Mbappe Pele
ပြင်သစ်လက်ရွေးစင်အသင်း၏အသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူး အမ်ဘတ်ပေသည် ပြင်သစ်က အာဂျင်တီးနားကို လေးဂိုး သုံးဂိုးဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ စံချိန်သစ်များတင်ရှိသွားနိုင်ခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
27-May-2018 tagged as Soccer Neymar PSG Ligue Mbappe
ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းသည် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပေကို ခေါ်ယူရန် စောင့်ကြည့်မှုများ ရှိနေပြီဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသောအခြေအနေများအရ နေမာနှင့် အမ်ဘတ်ပေ ယှဉ်လာပါက အမ်ဘတ်ပေကို လက်လွှတ်ရန်သာ ပီအက်စ်ဂျီက ဆုံးဖြတ်လိမ့်မည်ဟု မန်စီးတီးက ယူဆထားကြောင်း The Mirror က ဖော်ပြထားသည်။
06-Feb-2018 tagged as Neymar PSG Ligue Mbappe Cavani
ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေးကော်မတီသည် ပြင်သစ်လီဂူး၏လုပ်ခလစာအများဆုံးရကစားသမားစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယင်းစာရင်းကို ထိပ်ဆုံးနေရာမှနေ၍ ဦးဆောင်သွားခဲ့ကြသူများမှာ ပီအက်စ်ဂျီကစားသမားများဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
13-Nov-2017 tagged as Soccer Manchester United Mbappe Griezmann
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် လက်ရှိအချိန်တွင် နေမာ၊ အမ်ဘတ်ပေတို့နှင့်တွဲဖက်ကစားခွင့်ရနိုင်ရေးမှာ ၎င်း၏စိတ်ကူးအိပ်မက်ဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ပြီး ယင်းအတွက် ပီအက်စ်ဂျီသာ ဂရစ်ဇ်မန်းကို ခေါ်ယူလိုပါက အပြောင်းအရွှေ့ကိစ္စရပ်များအားလုံးမှာ လွယ်လင့်တကူဖြင့် အဆင်ပြေ အထမြောက်သွားနိုင်ဖွယ် အခြေအနေများရှိနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။