News

POST TAGGED AS

MATIC

မန်ယူအသင်းသည် ကွင်းလယ်လူ မာတစ်အပါအ၀င် အမာခံပွဲထွက်ကစားသမားအချို့ကို ဒဏ်ရာပြဿနာများကြောင့် အနားပေးလိုက်ရပြီဖြစ်ပြီး ယင်းအတွက် ပရီးမီးယားလိဂ်ဘောလုံးရာသီအဖွင့်ကာလတွင် အကျပ်အတည်းများဖြင့် ရင်ဆိုင်ရမည်ကို နည်းပြ မော်ရင်ညိုက စိုးရိမ်ပူပန်မှုများရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူဂိုးသမား ဒီဂီယာသည် အသင်းကရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရယူသွားခဲ့ပြီဖြစ်ပြီး ဒီဂီယာမှာ ယင်းဆုကို ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း တတိယအကြိမ်မြောက်အဖြစ် ဆွတ်ခူးရယူသွားနိုင်ခဲ့ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား မာတစ်သည် အာဆင်နယ်နှင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရန်အတွက် လန်ဒန်မြို့သို့ မန်ယူအသင်း သွားရောက်ရာတွင် အသင်းနှင့်အတူ လိုက်ပါသွားမည်ဖြစ်ပြီး ကြံ့ခိုင်မှု စိတ်ချရသည့်အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ခဲ့မည်ဆိုပါက မာတစ်မှာ အာဆင်နယ်နှင့်ပွဲတွင် အသင်းအတွက် ပါဝင်ကစားပေးသွားရန် ရည်မှန်းထားကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူအသင်းအားပေးသူများသည် မန်ယူက ၀က်ဖို့ဒ်ကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကွင်းလယ်ကစားသမား မာတစ် ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် လာမည့်စနေနေ့တွင် အာဆင်နယ်နှင့်ယှဉ်ပြိုင်ရမည့်ပွဲစဉ်၌ မန်ယူအသင်းလူစာရင်းတွင် ၎င်းပါဝင်လာနိုင်ခြင်း မရှိတော့မည်ကို စိုးရိမ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မာတစ်ကို ချယ်လ်ဆီးမှနေ၍ မန်ယူထံသို့ခေါ်ယူခဲ့ရာတွင် ၎င်းဘက်က စတင်လှုပ်ရှားခဲ့ခြင်း မဟုတ်ဘဲ မာတစ်၏အေးဂျင့်က ၎င်းထံသို့ စတင်ဆက်သွယ်လာခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား မာတစ်သည် လာမည့်တနင်္ဂနွေနေ့တွင် အသင်းဟောင်းချယ်လ်ဆီးနှင့်ယှဉ်ပြိုင်ရန် ချယ်လ်ဆီးအသင်းပိုင် စတမ်းဖို့ဒ်ဘရစ်ခ်ျဘောလုံးကွင်းသို့ သွားရောက်ရမည့်ပွဲစဉ်တွင် ချယ်လ်ဆီးပရိသတ်များက ၎င်းကို အော်ဟစ်လှောင်ပြောင်မှုများ ရှိလာခဲ့လျှင်လည်း ဂရုစိုက်နေမည်မဟုတ်ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။