News

POST TAGGED AS

MARTIAL

မန်ယူနည်းပြ မော်ရင်ညိုသည် ဒေါ့မွန်ကွင်းလယ်ကစားသမား ပူလီဆစ်ကို ခေါ်ယူနိုင်ရေးအတွက် အသင်းတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်ကို ငွေသားနှင့်အတူ အလိုက်ပေးလိုက်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညို တိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်ကို လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် သင့်တင့်မျှတသည့် ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိမည်ဆိုပါက ရောင်းထုတ်လိုက်ရန် အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
လန်ဒန်မြို့ခံကလပ်အသင်းများဖြစ်သည့် အာဆင်နယ်၊ ချယ်လ်ဆီးနှင့် စပါးတို့သည် မန်ယူနည်းပြ မော်ရင်ညိုလက်အောက်တွင် ပွဲထွက်ကစားခွင့် အာမခံချက်များ လျော့ကျလာခဲ့ပြီဖြစ်သည့် တိုက်စစ်မှူး မာတီရယ်လ်ကိုခေါ်ယူရန်အတွက် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းတာဝန်ရှိသူများသည် တိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်ကို ခေါ်ယူရန်အတွက် ကမ်းလှမ်းဆက်သွယ်လာမှုများကို လက်ခံစဉ်းစားပေးရန် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး လက်ရှိတွင် မာတီရယ်လ်ကို ခေါ်ယူရန်အတွက် ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်နှင့် ဘာစီလိုနာတို့က စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူတိုက်စစ်မှူး မာတီရယ်လ်သည် လွန်ခဲ့သည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် အာဆင်နယ်ထံသို့ ပြောင်းရွှေ့နိုင်ရန် အခွင့်အလမ်းတစ်ရပ် ပိုင်ဆိုင်ရရှိခဲ့သော်လည်း ယင်းအပြောင်းအရွှေ့ အထမမြောက်စေရန် နည်းပြမော်ရင်ညိုက လုပ်ဆောင်ခဲ့ကြောင်း Mail Online က ဖော်ပြထားသည်။
ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် မန်ယူတိုက်စစ်မှူး မာတီရယ်လ်နှင့် ဖူလ်ဟမ်တိုက်စစ်တောင်ပံကစားသမား ဆက်ဆီဂနွန်တို့ကို ခေါ်ယူနိုင်ရန် ပထမဦးစားပေးအဖြစ် သတ်မှတ်၍ ထားရှိကြိုးပမ်းသွားလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကိုခေါ်ယူရန်အတွက် လိုအပ်သော အပြောင်းအရွှေ့အသုံးစရိတ်တစ်ရပ် ရရှိနိုင်စေရန် မာတီရယ်လ်ကို လက်လွှတ်ရောင်းထုတ်လိုက်ဖွယ်ရှိနေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
ဂျူဗင်တပ်အားကစားဒါရိုက်တာ နက်ဗက်သည် စပါးနှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အတွက် လန်ဒန်မြို့သို့ ဂျူဗင်တပ်အသင်း လာရောက်ခဲ့ရာတွင် အသင်းနှင့်အတူ လိုက်ပါလာခဲ့ပြီး ယင်းသို့ လန်ဒန်မြို့သို့ နက်ဗက်လိုက်ပါလာခဲ့သည်မှာ မန်ယူတိုက်စစ်မှူး မာတီရယ်လ်၏အေးဂျင့်နှင့်တွေ့ဆုံစကားပြောဆိုရန်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် တိုက်စစ်မှူး မာတီရယ်လ်နှင့် နောက်ခံလူ ရိုဂျိုတို့ကို စာချုပ်သစ်ချုပ်ရန် ဆွေးနွေးရာတွင် နှောင့်နှေးမှုများရှိနေသည့်အတွက် အသင်းတာဝန်ရှိသူများကို ဒေါသပေါက်ကွဲနေပြီး ဆွေးနွေးမှု နှစ်လသက်တမ်းအတွင်း တိုးတက်မှု လုံးဝမရနိုင်ဖြစ်နေသည့်အခြေအနေကို ၎င်းအနေနှင့် သည်းမခံနိုင်တော့ဟုလည်း မော်ရင်ညိုက ပြောကြားထားပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူတိုက်စစ်မှူး မာတီရယ်လ်သည် ၎င်း၏ချစ်သူသစ် မီလာနီဒါခရုဇ်နှင့် ရင်သွေးထပ်ရတော့မည်ဖြစ်ပြီး ယင်းရင်သွေးမှာ သားငယ်လေးဖြစ်ကြောင်း မီလာနီဒါခရုဇ်က အတည်ပြုထားပြီဖြစ်သည်ဟု The Sun က ဖော်ပြထားသည်။