News

POST TAGGED AS

MARCO SILVA

04-Sep-2018

Soccer Premier League Everton Micheal Keane
ဦးခေါင်းခွံ အရိုးအက်သွားခြင်းကြောင့် မိုက်ကယ်ကိန်း တစ်လ၀န်းကျင် နားရမည်

လီဗာပူး၊ စက်တင်ဘာ ၄ 

အဲဗာတန်နောက်ခံလူ မိုက်ကယ်ကိန်းသည် ဘုန်းမောက်နှင့် အဲဗာတန်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဦးခေါင်းခွံ၌ ဆံချည်တစ်မျှင်မျှစာ အရိုးအက်ဒဏ်ရာ ရသွားခဲ့ခြင်းကြောင့် တစ်လ၀န်းကျင်ခန့် အနားယူရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မိုက်ကယ်ကိန်းသည် ဘုန်းမောက်နှင့် အဲဗာတန်တို့ ယှဉ်ပြိုင်ခဲ့ကြသည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် အဲဗာတန်အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ကာ အသင်းဖော် ဂွီယီနှင့်အတူ ထိခိုက်မိရာကတစ်ဆင့် ယခုဒဏ်ရာကို မိုက်ကယ်ကိန်းက ရရှိသွားခဲ့ခြင်းဖြစ်သည်။

အဲဗာတန်အသင်းဆေးအဖွဲ့သည် ပွဲအပြီးတွင် မိုက်ကယ်ကိန်းကို ပူးလီဆေးရုံသို့ တက်ရောက်၍ ဦးခေါင်းထိခိုက်မှုကို ဓာတ်မှန်ရိုက် စစ်ဆေးစေခဲ့ကာ ယင်းသို့စစ်ဆေးရာတွင် ဦးခေါင်းခွံ အရိုးအက်နေသည်ကို တွေ့ရှိလိုက်ရခြင်းကြောင့် မိုက်ကယ်ကိန်းမှာ အနားယူရရန် အကြောင်းဖန်သွားခဲ့ခြင်းဖြစ်သည်။

မိုက်ကယ်ကိန်းသည် လက်ရှိဘောလုံးရာသီတွင် အဲဗာတန်နည်းပြသစ် မာကိုဆေးလ်ဗားလက်အောက်တွင် အဓိကပွဲထွက်ကစားသမားအဖြစ် နေရာပေးခြင်းခံထားရပြီး အနိမ့်ဆုံးအဖြစ် လာမည့်ဗုဒ္ဓဟူးနေ့တွင် ယှဉ်ပြိုင်ရမည့် ရိုသာဟမ်နှင့် ခရာဘောင်းဖလားပွဲစဉ်၊ ဟတ်ဒါးစဖီးလ်၊ ၀က်စ်ဟမ်းတို့နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို မိုက်ကယ်ကိန်း လွဲချော်ရနိုင်သည်ဟု နည်းပြ မာကိုဆေးလ်ဗားက ပြောကြားထားသည်။




FOLLOW US