News

POST TAGGED AS

MARCO SILVA

အဲဗာတန်နှင့် ဆွေးနွေးညှိနှိုင်းခွင့်ရရန် မာကိုဆေးလ်ဗား ဆန္ဒရှိ၊ ကမ်းလှမ်းမှုအားလုံးကို ၀က်ဖို့ဒ် ငြင်းပယ်

လီဗာပူး၊ နိုဝင်ဘာ ၁၄

ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများသည် အဲဗာတန်အသင်းတာဝန်ရှိသူများက ၎င်းတို့၏နည်းပြ မာကိုဆေးလ်ဗားကိုခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်းခဲ့သည်ကို ငြင်းပယ်ပယ်ချလိုက်ပြီဖြစ်ကာ ကာယကံရှင် မာကိုဆေးလ်ဗားကမူ ယင်းကမ်းလှမ်းထားမှုများအတွက် အဲဗာတန်အသင်းနှင့် စကားပြောဆိုကြည့်ရန် ဆန္ဒရှိနေကြောင်း Sportmail က ဖော်ပြထားသည်။

အသက် ၄၀ အရွယ်ရှိ မာကိုဆေးလ်ဗားသည် ယမန်နှစ်ဘောလုံးရာသီပြီးဆုံးခါနီး၌ ဟားလ်စီးတီးအသင်းကို တာဝန်ယူ၍ ပရီးမီးယားလိဂ်စိန်ခေါ်မှုများကို စတင်ရင်ဆိုင်ခွင့်ရရှိခဲ့ကာ ၎င်း၏စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ကောင်းမွန်ခဲ့သော်လည်း အချိန်လုံလောက်စွာ မရရှိခဲ့ခြင်းကြောင့် အဆုံးသတ်တွင် ဟားလ်စီးတီးမှာ တန်းဆင်းအန္တရာယ်ကို ရင်ဆိုင်လိုက်ရပြီး ယင်းနောက်တွင် ၎င်းက ဟားလ်စီးတီးကိုစွန့်ခွာ၍ ၀က်ဖို့ဒ်ကို တာဝန်ယူလိုက်ခြင်းဖြစ်သည်။

မာကိုဆေးလ်ဗားသည် ၀က်ဖို့ဒ်ကို ၂ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် တာဝန်ယူနေခြင်းဖြစ်ပြီး ယင်းစာချုပ်တွင် စာချုပ်ဖျက်သိမ်းခတန်ကြေးကို ထည့်သွင်းထားခြင်း မရှိသည့်အတွက် အဲဗာတန်က ၎င်းကိုခေါ်ယူရန် ကြိုးပမ်းရာတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အဲဗာတန်သည် နည်းပြရော်နယ်ကိုးမန်းကို ရာထူးထုတ်ပယ်လိုက်အပြီးတွင် ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် နည်းပြသစ်ရှာဖွေရာ၌ အသင်းတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေပြီး အသင်းအဓိကရှယ်ယာရှင် မိုရှီရီက နိုင်ငံခြားသားနည်းပြကို ခန့်အပ်လိုလျက်ရှိသော်လည်း အသင်းဥက္ကဋ္ဌ ဘီလ်ကင်ရွိုက်ကမူ ဗြိတိန်နည်းပြကသာလျှင် အသင်းနှင့် အဆင်ပြေနိုင်လိမ့်မည်ဟု ယူဆမှုများရှိနေသည်။

အဲဗာတန်သည် ယခုမတိုင်မီတွင် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဟောင်း ဆမ်အလာဒွိုက်စ်နှင့် ဘန်လေနည်းပြ ရှောင်ဒိုင်ချီတို့ နှစ်ဦးအနက်မှနေ၍ တစ်ဦးကိုခေါ်ယူရန် စီစဉ်ခဲ့သေးကာ ရှောင်ဒိုင်ချီကို ခေါ်ယူမည်ဆိုပါက ဘန်လေနှင့် ရှောင်ဒိုင်ချီအကြားရှိစာချုပ်အတွက် လျော်ကြေး ပေါင် ၂ ဒသမ ၅ သန်း ပေးချေလိုက်ရုံမျှဖြင့် အဆင်ပြေမည်ဖြစ်သော်လည်း ကာယကံရှင် ရှောင်ဒိုင်ချီက ၎င်းအနေနှင့် အဲဗာတန်ကို တာဝန်ယူလိုခြင်း မရှိကြောင်း ငြင်းဆန်နေသည့်အတွက် အခက်တွေ့နေရခြင်းဖြစ်သည်။




FOLLOW US