News

POST TAGGED AS

MARCO ASENSIO

ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့သည် ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို ခေါ်ယူရန် စီစဉ်ထားခြင်းကို ပြန်လည်သုံးသပ်နေကြပြီဖြစ်ကာ ဟာဇတ်ကိုခေါ်ယူခြင်းထက် အဆန်ဆီယိုကို ပွဲကစားခွင့် ပိုမိုပေးအပ်ခြင်းက အသင်းအတွက် အကျိုးပိုများစေနိုင်လိမ့်မည်ဟု ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့ဝင်များက ယူဆနေကြပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား အဆန်ဆီယိုကိုခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး အဆန်ဆီယိုအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၄၄ သန်း၊ တစ်ပတ်လုပ်ခလစာ ပေါင် ၄၆၁,၀၀၀ ဖြင့် ကမ်းလှမ်းဆက်သွယ်ရန် မန်ယူက စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Don Balon က ဖော်ပြထားသည်။