News

POST TAGGED AS

MANCHESTER UNITED

မန်ယူအသင်းသည် ဂိုးသမား ဒီဂီယာကို စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားပြီး အသင်းဘက်က ကမ်းလှမ်းထားသောစာချုပ်သစ်ကို လက်ခံလိုက်မည်ဆိုပါက ဒီဂီယာမှာ ကမ္ဘာ့စံချိန်တင် လုပ်ခလစာရ ဂိုးသမားအဖြစ် မှတ်တမ်းဝင်သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ဘာစီလိုနာထံသို့ မပြောင်းရွှေ့ဖြစ်စေရန်အတွက် အသင်းခေါင်းဆောင်မက်လုံးနှင့်အတူ အခြားသောအခွင့်အရေးအချို့ ထပ်မံပေးအပ်၍ စည်းရုံးရေးဆင်းဖွယ်ရှိနေကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူနောက်ခံလူ ရိုဂျိုသည် ၎င်းဝတ်ဆင်လျက်ရှိသည့် ကျောနံပါတ် ၅ ကို စွန့်လွှတ်ကာ ကျောနံပါတ် ၁၆ ကို ပြောင်းလဲဝတ်ဆင်ရန် ရွေးချယ်လိုက်ခြင်းကြောင့် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ယင်းကျောနံပါတ် ၅ ကို ဆက်ခံရန်အတွက် မန်ယူထံသို့ ကစားသမားသစ်တစ်ဦး ကျိန်းသေရောက်ရှိလာနိုင်ကြောင်း Sportmail က ဖော်ပြထားသည်။
13-Aug-2018 tagged as Soccer Premier League Manchester United
မန်ယူအသင်းဝန်ထမ်းများသည် ထိုက်တန်သည့် လုပ်ခလစာအကျိုးခံစားခွင့် မရရှိခြင်းကြောင့် အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို ဆန္ဒပြနေပြီဖြစ်ပြီး အသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်နှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် ၎င်းတို့ဘက်က တောင်းဆိုမှုကိုလည်း အသင်းတာဝန်ရှိသူများက လျစ်လျူရှုထားဆဲဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမီအူသည် ၎င်းတို့အနေနှင့် ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ရန်အတွက် အချိန်ပမာဏ အလုံအလောက် ကျန်ရှိနေသေးခြင်းကြောင့် တစ်ဆင့်ချင်းအလိုက် စိတ်ရှည်ရှည်ထား၍ ဆက်လက်ကြိုးပမ်းသွားမည်သာဖြစ်ကြောင်း အသိပေးပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက လက်စတာကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဘောလုံးရာသီဖွင့်ပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် မန်နေဂျာဘ၀မှနေ၍ လျော့ကျကာ နည်းပြချုပ်တစ်ဦးအဖြစ် တာဝန်ထမ်းရသည့်အသွင်မျိုးဖြစ်နေပြီဟု ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် မန်ယူက လက်စတာကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ရာသီဖွင့်ပွဲစဉ်၌ ပင်နယ်တီကတစ်ဆင့် အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းအတွက် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ကျေးဇူးတင်စကားပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက လက်စတာကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ဒဏ္ဍာရီလာ ဧရာမသတ္တဝါကြီး(Monster)ဟု ခေါ်ဝေါ်ကာ ချီးကျူး အမွှမ်းတင်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် အသင်းနည်းပြ မော်ရင်ညိုကို အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒများအား ပြုပြင်ပြောင်းလဲရေးလုပ်ရန် သတိပေးစကားပြောကြားလိုက်ပြီး အကယ်၍ လက်ရှိအပြောင်းအရွှေ့မူဝါဒကိုသာ တရားသေကိုင်စွဲထားမည်ဆိုပါက ရှေ့လာမည့်ကစားသမားအပြောင်းအရွှေ့ဈေးကွက်များတွင်လည်း အဆင်ပြေနိုင်လိမ့်မည်မဟုတ်ဟု မန်ယူဒါရိုက်တာဘုတ်အဖွဲ့က မော်ရင်ညိုကို အသိပေးထားကြောင်း Daily Mail က ဖော်ပြထားသည်။