News

POST TAGGED AS

MANCHESTER UNITED

မန်ယူကွင်းလယ်ကစားသမား မာတစ်နှင့် နောက်ခံလူ ဗလင်စီယာတို့သည် ဒဏ်ရာများသက်သာကာ ကြံ့ခိုင်မှု ပြည့်ဝလာခဲ့ပြီဖြစ်၍ အသင်းနှင့်အတူ လေ့ကျင့်ရေးပြန်ဆင်းနေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဘရိုက်တန်က မန်ယူကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အ၀တ်လဲခန်းအတွင်း၌ အသင်းကစားသမားများကို ဆူပူကြိမ်းမောင်းခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူအသင်းအားပေးသူများသည် စက်တင်ဘာလ ၂ ရက်နေ့တွင် မန်ယူနှင့် ဘန်လေတို့ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် မစတင်မီတွင် အသင်းဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါးဒ်ကို ရာထူးကထုတ်ပယ်ပေးရန် လေယာဉ်ပျံတွင် စာတန်းချိတ်ဆွဲပျံသန်းစေ၍ တောင်းဆိုသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးအသင်းသည် အရန်ဂိုးသမားကွက်လပ်ကို အစားဖြည့်နိုင်ရန်အတွက် ရီးရဲလ်မက်ဒရစ်ဂိုးသမား ကေလာနားဗတ်စ်နှင့် ဘာစီလိုနာဂိုးသမား ဆီလက်စ်ဆန်တို့အနက်မှနေ၍ တစ်ဦးကို အငှားခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် အသင်းတာဝန်ရှိသူများအနေနှင့် မော်ရင်ညို အလိုရှိသော ကစားသမားများကို ခေါ်ယူပေးလိုခြင်း မရှိပါက မော်ရင်ညိုကိုလည်း စာချုပ်သက်တမ်းမတိုးခဲ့သင့်ဟု ဝေဖန်ထောက်ပြလိုက်ကြောင်း Mail Online က ဖော်ပြထားသည်။
မန်ယူအသင်း၏ကြယ်ပွင့်ကစားသမားဟောင်းများအနက်တွင် တစ်ဦးအပါအ၀င်ဖြစ်သော လီရှပ်သည် လာမည့် ခရစ္စမတ်ကာလမတိုင်မီတွင် နည်းပြမော်ရင်ညိုမှာ ရာထူးထုတ်ပယ်ခံရခြင်းဖြင့် ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်ပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူဒါရိုက်တာဘုတ်အဖွဲ့သည် ၎င်းတို့အနေနှင့် အသင်းနည်းပြ မော်ရင်ညိုကို ထောက်ခံချက်ပေးအပ်ထားဆဲဖြစ်ပြီး မော်ရင်ညိုကို ရာထူးထုတ်ပယ်၍ ယင်းအစား ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို ခန့်အပ်ရန် စီစဉ်နေသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်သည်ဟု ဖြေရှင်းချက် ထုတ်ပြန်လိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါးဒ်သည် ဘရိုက်တန်က မန်ယူကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ကို တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် အသင်း၏စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို လွန်စွာ ဒေါသပေါက်ကွဲသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးသည် ဘရိုက်တန်က မန်ယူကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အသင်းမှာ အခန်းကဏ္ဍတိုင်း၌ လိုအပ်ချက်များရှိနေပြီဖြစ်ပြီး အဆိုးရွားဆုံးမှာ ဦးဆောင်နိုင်စွမ်းရှိသူ ကစားသမားကင်းမဲ့နေခြင်းဖြစ်သည်ဟု ဝေဖန်သွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဘရိုက်တန်က မန်ယူကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ အသင်းအနေနှင့် လက်ခံနိုင်လောက်ဖွယ်ရာ အခြေခံအမှားများကို ကျူးလွန်ခဲ့ခြင်းကြောင်း ယခုပွဲစဉ်တွင် အရှုံးရလဒ်ကို ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်ဟု ထောက်ပြပြောဆိုသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။