News

POST TAGGED AS

MANCHESTER UNITED

မန်ယူနည်းပြ မော်ရင်ညိုသည် ဂန္ထ၀င်နည်းပြကြီးဖာဂူဆန် ကျင့်သုံးခဲ့သည့် ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းသည့်နည်းလမ်းကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ပြီဖြစ်ပြီး ဟတ်ဒါးစဖီးလ်က မန်ယူကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပွဲစဉ်အပြီးတွင် မန်ယူအသင်းကစားသမားများမှာ မော်ရင်ညို၏ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ကြရသည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနောက်ခံလူဟောင်း ဗီဒစ်သည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ရင်ဆိုင်ကြုံဆုံခဲ့ရသော ပြိုင်ဘက်ကစားသမားများအနက် ဆောက်သမ်တန်တိုက်စစ်မှူး ရစ်ကီလမ်းဘတ်မှာ ကစားပုံအညစ်ပတ်ဆုံးဖြစ်သည်ဟု ရည်ညွှန်းသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
23-Oct-2017 tagged as Soccer Premier League Manchester United
ဗြိတိန်အားကစားသတင်းမီဒီယာများသည် မန်ယူနည်းပြ မော်ရင်ညို၏နည်းစနစ်ပိုင်းဆိုင်ရာများကို ဝေဖန်ထောက်ပြလာခဲ့ကြပြီဖြစ်ပြီး မန်ယူမှာ နာမည်ကြီးကစားသမားများကို မှီခိုအားပြုလွန်းသည့်အတွက် ယင်းအချက်ကပင် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဖြစ်ခွင့်ရနိုင်ရေး၌ အတားအဆီးသဖွယ်ဖြစ်လာနိုင်ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် တန်းတက်ကလပ် ဟတ်ဒါးစဖီးလ်နှင့်ပွဲစဉ်တွင် မန်ယူအသင်း မည်သည့်အတွက် ရလဒ်ဆိုးခဲ့ရသည်ဆိုခြင်းကို တာဝန်ယူခေါင်းခံ၍ ပရိသတ်ကို ရှင်းပြရဲသည့် ကစားသမားမျိုး မန်ယူထံတွင် ရှိမနေကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Mail Online က ဖော်ပြထားသည်။
မန်ယူတိုက်စစ်မှူး လုကာကု၏မိခင်သည် လုကာကု ငယ်စဉ်အရွယ်က ၎င်းယှဉ်ပြိုင်ကစားသည့်ပွဲစဉ်များတွင် အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပွားလာခဲ့ပါက ချက်ချင်းပင် ဖြေရှင်းချက်ပေးနိုင်စေရန်အတွက် မွေးလက်မှတ်ကို အသင့်ဆောင်ထားခဲ့ရကြောင်း လုကာကု၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်ပေးလျက်ရှိသော ရိုင်အိုလာက အသိပေးပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့်စနေနေ့တွင် မန်ယူနှင့် စပါးတို့ ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အသင်းလူစာရင်းတွင် နောက်ခံလူ ဘေလ်လီ ပြန်လည်ပါဝင်လာနိုင်တော့မည်ဟု အတည်ပြုပြောကြားလိုက်ကြောင်း Goal က ဖော်ပြထားသည်။
22-Oct-2017 tagged as Soccer Premier League Manchester United
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် မည်သည့်ကစားသမားများကို ဦးစားပေးထားရှိ ခေါ်ယူမည်ဆိုသည်ကို အစီအစဉ်ရေးဆွဲနေပြီဖြစ်ကာ မော်ရင်ညို၏ပစ်မှတ်စာရင်းတွင် လူငယ်ပါရမီရှင် ကစားသမားနှစ်ဦးဖြစ်သည့် ဂရီမယ်လ်ဒိုနှင့် ကားလို့စ်ဆိုလာတို့လည်း ပါဝင်နေကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာသည် ၎င်း၏ကစားသမားဖြစ်သူမှာ လက်ရှိကြံ့ခိုင်မှုအခြေအနေအရ အနိမ့်ဆုံးအဖြစ် ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့် ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းနိုင်စွမ်းရှိသေးကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဟတ်ဒါးစဖီးလ်က မန်ယူကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ အကောင်းဆုံးအသင်း အနိုင်ရသွားခဲ့သည့်ပွဲစဉ်ဖြစ်၍ ၎င်းထံတွင် ပြောကြားရန် အခြားသောမှတ်ချက်ပေးစကား မရှိဟု ဖွင့်ဟ၀န်ခံသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။