News

POST TAGGED AS

MANCHESTER UNITED

03-Nov-2017 tagged as Soccer Mourinho Manchester United
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် စပိန်အစိုးရရှေ့နေများက စွပ်စွဲထားသည့် အခွန်တိမ်းရှောင်ခြင်းအမှုကို အမြန်ပြီးပြတ်စေလိုသည့်အတွက် တောင်းဆိုထားသော အခွန်ငွေနှင့် ဒဏ်ကြေးများကိုပေးဆောင်ရန် ချက်ချင်းသဘောတူညီလိုက်ခြင်းဖြစ်သည်ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါလ်စခိုးသည် မန်ယူတိုက်စစ်မှူး လုကာကု ပုံစံကောင်းများ ပျောက်ဆုံး၍ ရုန်းကန်နေရသည်မှာ ကွင်းလယ်တွင် ပေါ့ဂ်ဘာကို လက်လွှတ်ဆုံးရှုံးထားရခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ပေါ့ဂ်ဘာ ဒဏ်ရာပြဿနာများကင်းစင်၍ ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်ကစားနိုင်သည်နှင့် လုကာကုကို ယခင်အတိုင်း ပြန်လည်မြင်တွေ့ကြရလိမ့်မည်ဟု ပေါလ်စခိုးက ဆက်လက်ပြောကြားသွားခဲ့သေးကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်း၏လက်ထက်တွင် မန်ယူအသင်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင် ပွဲစဉ်ပေါင်း ၃၇ ပွဲဆက်တိုက် ရှုံးပွဲမရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကာ ယင်းမှာ မန်ယူကို နည်းပြဖာဂူဆန်တာဝန်ယူခဲ့စဉ်က အမြင့်ဆုံးပိုင်ဆိုင်ရရှိခဲ့ဖူးသည့် အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကို လိုက်မီသွားခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား မာတစ်သည် လာမည့်တနင်္ဂနွေနေ့တွင် အသင်းဟောင်းချယ်လ်ဆီးနှင့်ယှဉ်ပြိုင်ရန် ချယ်လ်ဆီးအသင်းပိုင် စတမ်းဖို့ဒ်ဘရစ်ခ်ျဘောလုံးကွင်းသို့ သွားရောက်ရမည့်ပွဲစဉ်တွင် ချယ်လ်ဆီးပရိသတ်များက ၎င်းကို အော်ဟစ်လှောင်ပြောင်မှုများ ရှိလာခဲ့လျှင်လည်း ဂရုစိုက်နေမည်မဟုတ်ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်း အမာခံအားပေးသူများအဖွဲ့(Manchester United Supporters Trust)သည် လက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများကို ဆွေးနွေးရန်အတွက် နည်းပြမော်ရင်ညိုကို ဖိတ်ကြားလိုက်ပြီဖြစ်ကာ နယူးကာဆယ်နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီတွင် နည်းပြမော်ရင်ညိုနှင့် တွေ့ဆုံခွင့်ရနိုင်ရန် ၎င်းတို့အနေနှင့် မျှော်မှန်းထားကြောင်းလည်း မန်ယူအသင်း အမာခံအားပေးသူများအဖွဲ့က ထုတ်ဖော်အသိပေးထားသည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီတွင် စပိန်နိုင်ငံသို့သွားရောက်၍ အမှုရင်ဆိုင်ရရန် ရှိနေခြင်းကြောင့် အသင်းအတွက် ထိခိုက်နစ်နာမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် လက်ရှိမန်ယူနည်းပြ မော်ရင်ညိုကို ဘောလုံးလောက၏မေ၀ယ်သာဟု ရည်ညွှန်းပြောကြားသွားခဲ့ပြီး မော်ရင်ညိုကျင့်သုံးလျက်ရှိသည့် နည်းဗျူဟာများအားလုံးမှာ မေ၀ယ်သာနှင့် ထူးမခြားနားပင်ဖြစ်သည်ဟုလည်း ဂယ်ရီနဗီးလ်က ထောက်ပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးအသင်းကွင်းလယ်ကစားသမား အယ်လ်လီသည် မန်ယူက စပါးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘောလုံးယှဉ်လုသည့်ဖြစ်စဉ်တစ်ခု၌ မန်ယူတောင်ပံကစားသမား အက်ရှ်လေယန်းနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ယင်းသို့ ထိပ်တိုက်တွေ့ခဲ့ရာတွင် ၎င်းတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး မခံမရပ် ဖြစ်လောက်ဖွယ်ရာ စကားရပ်များဖြင့် အပြန်အလှန် ထိုးနှက်တိုက်ခိုက်သွားခဲ့ကြကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းပရိသတ်များကို လွန်စွာ ဒေါသပေါက်ကွဲနေပြီး ပရိသတ်များအနေနှင့် ပွဲကြည့်ရန် လက်မှတ်ဖိုး ပေးထားသည်မှာ မှန်သော်လည်း ယင်းမှာ လုပ်ချင်ရာ လုပ်ရန် ခွင့်ပြုချက်ရထားခြင်းမဟုတ်ဟု မော်ရင်ညိုက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းအားပေးသူများသည် မန်ယူက စပါးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် နည်းပြမော်ရင်ညိုက ရတ်ရှ်ဖို့ဒ်ကို မာတီရယ်လ်နှင့် လူစားလဲလှယ်လိုက်ချိန်၌ သံသေးသံကြောင်များဖြင့် အော်ဟစ်လှောင်ပြောင်ခဲ့ကြောင်း The Sun က ဖော်ပြထားသည်။