News

POST TAGGED AS

MANCHESTER UNITED

ဂျူဗင်တပ်အသင်းသည် မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကိုခေါ်ယူနိုင်ရေးအတွက် တိုက်စစ်မှူး ဒိုင်ဘာလာကို အလိုက်ပေး၍ ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းပြောင်းတော့မည်ဖြစ်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ဖွင့်ဟအသိပေးလိုက်ပြီး ကစားသမားဘ၀ဆက်လက်ဖြတ်သန်းရန်အတွက် ပေါ့ဂ်ဘာပြောင်းရွှေ့မည့်နေရာမှာ စပိန်နိုင်ငံဖြစ်သည်ဟုလည်း ရိုင်အိုလာက အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် မန်ယူအနေနှင့် ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်မည်ဆိုပါက အသင်းအခြေအနေမှာ ယခုထက်ပို၍ များစွာ တိုးတက်ကောင်းမွန်သွားလိမ့်မည်ဟု အသိပေးပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနောက်ခံကစားသမားသစ် ဒါလော့တ်သည် လာမည့်စနေနေ့တွင် မန်ယူနှင့် ၀က်ဖို့ဒ်တို့ ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်၌ အသင်းအတွက် ပွဲထွက်ကစားပေးနိုင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းသည် လာမည့်စနေနေ့တွင် ၀က်ဖို့ဒ်နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အသင်းအတွက် နောက်ခံလူ လုခ်ရှော ပါဝင်ကစားပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျက်ရှိကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်သည် အသင်းနည်းပြ မော်ရင်ညို၏အနာဂတ်နှင့်စပ်လျဉ်း၍ တိကျသောအဖြေတစ်ရပ် ထွက်ပေါ်လာခြင်း မရှိသေးသည့်အတွက် စာချုပ်သစ်ချုပ်ဆိုရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန် အချိန်ပြန်လည် ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းသည် TVE ရုပ်သံနှင့်တွေ့ဆုံရာတွင် ၎င်းအနေနှင့် မကြာမီတွင် လုပ်ငန်းခွင် ပြန်ဝင်တော့မည်ဟု အတည်ပြုပြောကြားလိုက်သည့်အတွက် မန်ယူနည်းပြအဖြစ် ဇီဒန်းကို တွေ့မြင်ရလိမ့်မည်ဟူသော မှန်းဆချက်များမှာ ပို၍ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
နယ်သာလန်ကလပ် အေဂျက်ထံတွင် အားကစားဒါရိုက်တာရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော မန်ယူဂိုးသမားဟောင်း ဗန်ဒါဆားသည် ၎င်းအနေနှင့် မန်ယူထံသို့ အားကစားဒါရိုက်တာရာထူးဖြင့် ပြန်လည်ပြောင်းရွှေ့ရန် အစီအစဉ် လုံးဝမရှိသေးဟု ငြင်းဆန်ပယ်ချပစ်လိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
ပေါ့ဂ်ဘာ၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေသော ရိုင်အိုလာသည် လာမည့်ဒီဇင်ဘာလတွင် ၎င်း၏ကစားသမားဖြစ်သူ အသင်းပြောင်းရွှေ့နိုင်ရေးအတွက် ဂျူဗင်တပ်အသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်နေပြီဖြစ်ကြောင်း Tutto Sports က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းသည် မန်ယူအသင်းကို တာဝန်ယူဖြစ်ပါက အသင်းထံသို့ ကစားသမားသစ်လေးဦးခေါ်ယူရန် စီစဉ်ထားပြီး မန်ယူအသင်းတာဝန်ရှိသူများနှင့် ဇီဒန်းအကြားတွင် အဆက်အသွယ်များမှာ မပြတ်တမ်းရှိနေကြောင်း Daily Star က ဖော်ပြထားသည်။